အမေရိကန်

အမေရိကန်နိုင်ငံကတော့ အများသိတဲ့အတိုင်း ကမ္ဘာမှာ စီးပွားရေးအရရော စစ်ရေးမှာပါ ထိပ်ဆုံးရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်ပါတယ်။ စစ်သည်အင်အားတောင့်တင်းတဲ့အပြင် ကာကွယ်ရေးအတွက် သုံးတဲ့စရိတ်က ဒေါ်လာ 647 billion အထိတောင်ရှိပါတယ်။ 

ရုရှား

အမေရိကန်နည်းတူ ကမ္ဘာ့အင်အားအကြီးဆုံးနိုင်ငံစာရင်းထဲမှာ ပါဝင်တဲ့ ရုရှားနိုင်ငံကတော့ သမ္မတပူတင်ရဲ့ ဦးဆောင်မှုနဲ့ အတူ စစ်မက်ရေးရာမှာရော စီးပွားရေးမှာပါ ထိပ်သီးနိုင်ငံအဖြစ်ရပ်တည်နေခဲ့တာ ကြာပါပြီ။ ရုရှားနိုင်ငံရဲ့ စစ်မက်ရေးရာ အသုံးစရိတ်ကတော့ ဒေါ်လာ 44600000007 အထိရှိပါတယ်။

တရုတ်

ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံမှာတော့ စစ်သည်အင်အားများစွာရှိတဲ့အပြင် နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကလည်း ဒေါ်လာ 161700000000 အထိအသုံးပြုထားပြီး အမေရိကန် ၊ ရုရှားတို့နဲ့ အပြိုင် စစ်အင်အားကောင်းတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ 

အိန္ဒိယ

ကမ္ဘာပေါ်မှာ ဒုတိယလူဦးရေအများဆုံးနိုင်ငံဖြစ်တဲ့အပြင် စီးပွားရေး၊ လူမှုရေး ဘက်စုံတိုးတက်လာတဲ့ အိန္ဒိယနိုင်ငံဟာ နိုင်ငံရဲ့ ကာကွယ်ရေးကို တိုးမြှင့်ခဲ့ပြီး စစ်ဘက်ဆိုင်ရာအသုံးစရိတ်ဟာ ဒေါ်လာ 51000000000 အထိရှိပါတယ်။ 

ပြင်သစ်

ဥရောပတိုက်ထဲမှာ ပါဝင်တဲ့ ပြင်သစ်နိုင်ငံကတော့ ဥရောပနိုင်ငံတွေထဲမှာ စစ်အင်အားအတောင့်တင်းဆုံးနိုင်ငံ အဖြစ်လို့တောင်ပြောလို့ရပါတယ်။ ပြင်သစ်စစ်တပ်ရဲ့ ကာကွယ်အသုံးစရိတ်စာ ဒေါ်လာ 35000000000 အထိရှိပါတယ်။ 

Source : Did U Know ?

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။