ပရိသတ်ကြီးရေ ဆေးကျောင်းသူဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ မော်ဒယ်လ်သရုပ်ဆောင်မလေးပိုးမမှီသာ ကိုသိကြမယ်ထင်ပါတယ်နော်။ မိဘစကားကိုနားထောင်ပြီး လိမ္မာရေးခြားရှိတဲ့ သူမကတော့ ပညာရေးထူးချွန်သာတင်မဟုတ်ပဲ အနုပညာလောကမှာလည်း သရုပ်ဆောင်မော်ဒယ်လ်တစ်ယောက်အနေနဲ့ ပရိသတ်အများအပြားရဲ့အားပေးမှုကိုရယူပိုင်ဆိုင်ထားတာပဲဖြစ်ပါတယ်။ SAI Cosmetix ရဲ့ ပင်တိုင်ကြော်ငြာသူလေးဖြစ်တဲ့ ပိုးမမှီသာဟာဆိုရင် စိုင်းစိုင်းခမ်းလှိုင်ပါဝင်သီဆိုထားတဲ့ "သင်္ဂါရ" သီချင်း Mtv ထဲကနေလူသိများလာတာဖြစ်ပြီး ပရိသတ်များကတစ်ခဲနက်အားပေးခဲ့ကြတာဖြစ်ပါတယ်။

ရိုးရိုးယဉ်ယဉ်လေးသာအမြဲဝတ်တက်တဲ့သူမက မြင်ရသူတို့ရဲ့ စိတ်နှလုံးကိုအေးချမ်းကြည်လင်စေတာပဲဖြစ်ပါတယ်။ အမြဲစတိုင်ကျလှပနေတဲ့သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shotting၊ ဆိုင်ဖွင့်ပွဲ၊ ဖက်ရှင်လ်ရှိူးစသဖြင့် ပွဲတော်တော်များများကို တက်ရောက်ရိုက်ကူးခဲ့တာဖြစ်ပြီး ကျက်သရေရှိစွာမြင်တွေ့ရမှာဖြစ်ပါတယ်။ အနုပညာအလုပ်နဲ့သာမက ဆေးဘက်ဆိုင်ရာ ဆရာဝန်တစ်ဦးအဖြစ်နဲ့ပါ မြန်မာပြည်ကြီးကို အကျိုးပြုမဲ့ အနာဂတ် ကြယ်ပွင့်လောင်းလေးတစ်ယောက်လို့ပြောရင်မှားမယ်မထင်ပါဖူးနော်။

သူမပြုံးလိုက်လျှင် ယောကျာ်းလေးပရိသတ်တို့ရဲ့ရင်ထဲအသည်းထဲကို ပင်လယ်လှိုင်းလုံးကြီးရိုက်ခတ်သလို လှုပ်ခါသွားစေမှာပဲဖြစ်ပါတယ်။ သူမရဲ့ ချစ်ဖို့ကောင်းတဲ့ အမူအရာတွေနဲ့အတူ အမြဲသေသေသပ်သပ်လှပနေတဲ့အတွက်ကြောင့် အမျိုးသမီးပရိသတ်ကြီးကပါ ချစ်ခင်ဝန်းရံအားပေးလျက်ရှိတာပဲဖြစ်ပါတယ်။ အခုတစ်ခါမှာဆိုရင်လည်း ပြင်ဦးလွင်မေမြို့သို့ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေခရီးသွားနေတာဖြစ်ပြီး ၂၀၁၉ရဲ့ ပထမခရီးစဉ်ဖြစ်တယ်လို့လည်းဆိုထားပါတယ်။ ဆောင်းရာသီကိုနှစ်သက်တဲ့သူမကတော့ ချမ်းမြေ့တဲ့မေမြို့မှာပျော်ရွှင်နေတာဖြစ်ပြီး "I think I love the weather as much as you "ဆိုတဲ့စာသာလေးနဲ့အတူ သူမရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို မျှဝေဖော်ပြပေးထားတာဖြစ်ပါတယ်။ Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါ။

Source Poe Mamhe Thar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။