မြန်မာပြည်ဖွား မန္တလေးသူလေးတစ်ယောက်ဖြစ်တဲ့ Ashwarya Kumar (ခ) အိအိန္ဒြေကျော် တစ်ယောက် တစ်ချိန်က သျှမ်းသျှမ်းတောက် အောင်မြင်ခဲ့တဲ့ ရှမ်းတိုင်းရင်းသားအဆိုတော် စိုင်းထီဆိုင်ရဲ့ " နေရာတိုင်းမှာ " ဆိုတဲ့ သီချင်းလေးကို လက်တန်းသီဆိုထားတာပဲဖြစ်ပါတယ်။ အသံလေးက ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ အရမ်းကိုနားထောင်လို့ကောင်းလွန်းလို့ ပရိသတ်တွေကလည်း သဘောကျနေကြပါတယ်။ အိန္ဒိယမင်းသမီးလေး တစ်ယောက်လို လှပလွန်းတဲ့ သူမက တကယ့်ကိုအညိုစင်လေးနဲ့ကြည်ေ့ကာင်းလွန်းနေပါတယ်။

ပြောစရာမလိုအောင်လှပတဲ့ မျက်လုံး မျက်ခုံး အသားအရေနဲ့ ခန္ဓာကိုယ်အချိုးအစားတွေကတော့ အမိုက်စားပါပဲ။ သူမက အမေရိကမှာ ပညာသင်ကြားနေရင်းနဲ့ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် အိန္ဒိယ မင်းသမီးတစ်ယောက်လို့တောင် ထင်ရလောက်အောင် လှပလွန်းတဲ့ အချိုးအစားနဲ့ အပြုံးလေးတွေက တကယ်ကိုကြွေချင်စရာပါပဲ။

ဒီနေ့မှာတော့ သူမက ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီးစိုင်းထီးဆိုင်ရဲ့ သီချင်းအလန်းစားတစ်ပုဒ်ဖြစ်တဲ့ " နေရာတိုင်းမှာ " ကို ချိုချိုသာသာ ငြိမ့်ငြိမ့်ညောင်းညောင်းနဲ့ နားထဲစွဲအောင်ဆိုပြသွားနိုင်တဲ့ Skill ကတော့ မချီးကျူးပဲမနေနိုင်တော့ပါဘူး။ အိမ်နေရင်းပုံစံလေးနဲ့ ခပ်ပြုံးပြုံးလေး ဆိုသွားတဲ့ အက်ရှဝါကူးမား (ခ) အိအိန္ဒြေကျော်ရဲ့ သာယာနာပျော်ဖွယ်အသံလေးကို နားဆင်လိုက်ပါဦးနော်။

Photo - Ashwarya Kumar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။