အခုနောက်ပိုင်း ရုပ်သံဇာတ်လမ်းတွဲတော်တော်များများမှာ နေရာာူလာတဲ့ မေမြင့်မိုရ်ဟာ ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုတွေကြောင့် အနုပညာလောကတွင် နေရာတစ်နေရာသို့ရောက်ရှိလာတာပဲ ဖြစ်ပါတယ်။ ချိုသာတဲ့အပြုံးလေးတွေနဲ့ ဖော်ရွေပျူဌာတတ်တဲ့သူမရဲ့ အပြုအမူလေးတွေကြောင့်လည်း ပရိတ်သတ်တွေပိုပြီး အချစ်ပိုနေရတာလည်း ဖြစ်ပါတယ်။  

ကြော်ငြာလေးတွေအများဆုံးရိုက်ကူးနေရတာပဲ ဖြစ်ပြီးရုပ်ရှင်ဇာတ်ကားများနဲ့ရုပ်သံဇာတ်လမ်းတွဲများလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မေမြင့်မိုရ်ဟာ အနုပညာလုပ်ငန်းများအပြင် ပရဟိတဘက်မှာလည်း တစ်တက်တစ်အားပါဝင်ကုသိုလ်ယူနေတာကိုလည်း တွေ့ရပါတယ်။

သူမဟာ ရှုတင်နားရက်များတွင် ဦးကျော်သူတည်ထောင်ထားတဲ့ နာရေးကူညီမှုအသင်းတွင် သွားရောက်ကူညီနေတာပဲ ဖြစ်ပါတယ်။ပျံလွန်တော်မူသွားသော ဆရာတော်တစ်ပါးအား သူမကိုယ်တိုင် နိဗ္ဗာန်ယာဉ်မောင်းနှင်ကာ ရေဝေးသုဿာန်သို့ ပို့ဆောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွင်သာမက ပရဟိတကုသိုလ်ရေးတွင်လည်း ပါဝင်ဆောင်ရွက်တတ်သော မင်းသမီးချောလေး မေမြင့်မိုရ်ရဲ့ ကုသိုလ်ရေးပုံရိပ်လေးများကို ဖော်ပြလိုက်ပါတယ်နော်။

Source - နာရေးကူညီမှုအသင်း-ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။