အပျိုကြီးမမ ခင်လေးနွယ်တစ်ယောက် ကော့သောင်းက ဟန်းနီးမွန်းကျွန်းကို သူငယ်ချင်းတွေနဲ့ အလည်အပတ်သွားရောက်ရှိနေတာပဲဖြစ်ပါတယ်။ အဆိုပါ ခရီးစဉ်ကိုတော့ သူမနှင့်အတူ ချစ်သူငယ်ချင်းတွေဖြစ်တဲ့ အကယ်ဒမီသက်မွန်မြင့်နဲ့ ဒီဇိုင်နာ မပုံ့တို့လည်း လိုက်ပါခဲ့ကြပြီး ပျော်ရွှင်စရာလေးတွေကို ဖန်တီးလျှက်ရှိတာတွေ့ရပါတယ်။ သူငယ်ချင်းတွေထဲမျာ သူမတစ်ယောက်တည်းအပျိုကြီးအဖြစ်ရပ်တည်နေတာဖြစ်ပြီး ကျန်တဲ့နှစ်ယောက်ကတော့ ကိုယ်ပိုင်မိသားစုလေးတွေနဲ့ ပျော်ရွှင်နေကြတာပဲဖြစ်ပါတယ်။  

အသက်အရွယ်ရလာပေမယ့်လည်း မပျက်ဆီးသေးတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားပြီး ပရိသတ်အားပေးမှုအခိုင်အမာရှိနေသေးတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ခရီးသွားခြင်းကို နှစ်သတ်ပြီး ကျန်းမာရေးအတွက်အားကစားတွေကိုလည်း ပုံမှန်လုပ်တက်သူတစ်ယောက်ဖြစ်ကြောင်းကိုတော့ သူမရဲ့ နေ့စဉ်လှုပ်ရှားမှုလေးတွေက ပြောပြလေ့ရှိတာတွေ့ရပါတယ်။ 

လက်ရှိ ပျော်စရာကမ်းခြေခရီးစဉ်လေးမှာလည်း ခင်လေးနွယ်ကတော့ တကိုယ်တော်ချစ်စရာပုံလေးတွေနဲ့အတူ ပရိသတ်တွေကို အမြဲနှုတ်ဆက်လေ့ရှိတာတွေ့ရပါတယ်။ ဒီကနေ့ နံနက်အစောဆုံးမှာလည်း သူမရဲ့ လှပတဲ့ခန္ဓာကိုယ်အလှကို ကမ်းခြေမှာ သွားရောက်ပြီး ဓာတ်ဖမ်းခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါပုံလေးတွေနဲ့အတူ ခင်လေးကတော့

"Morning

သာယာတဲ့မနက်ခင်းလေးမှာ နိုးလာတော့

ဟန်းနီးမွန်းကျွန်းရဲ့ သဘာဝလေကိုရှူရှိုက်ရင်း

လေ့ကျင့်ခန်းလုပ်ရတာလဲ စိတ်ချမ်းသာစရာပါပဲ" ဟူ၍ ရေးသားထားတာတွေ့ရပါတယ်။ ချစ်စရာကောင်းတဲ့ အပျိုကြီးမမတစ်ယောက်ရဲ့ ဒီကနေ့ အစောဆုံးပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - Khin Lay Nwe 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။