ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ဟာသ သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ ဦးကင်းကောင်ကတော့ သူရဲ့ နောက်ဆုံးနေဝင်ချိန်ကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် အကောင်းဆုံးဖျော်ဖြေပေးခဲ့တဲ့ ဦးကင်းလို့ သိကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တစ်ယောက်ကတော့ ယနေ့မနက်မှာပဲ ကြွေလွင့်ခဲ့ရပါပြီ။

အနုပညာသက်တမ်းတစ်လျှေက်မှာ ဦးလေးတစ်ယောက်လို အလုပ်တွေတူတူ တွဲလုပ်ရင်း ရုပ်ရှင်ဇာတ်ကားများစွာမှာ တူတူပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးပြည့်သဇင်ကတော့ ဦးကင်းဆုံးပါးသွားတဲ့ သတင်းကို မယုံနိုင်လောက်အောင် ဖြစ်နေရပါတယ် ဆိုပြီး ဝမ်းနည်းကြေကွဲစွာ စကားဆိုထားပါတယ်။ အရမ်းကို သဘောကောင်းပြီး ပျော်ပျော်နေတတ်တဲ့ ဦးကင်းကို ဆုံးရံှုးလိုက်ရတာက အရမ်းကို ကြေကွဲစရာကောင်းပါတယ်။

ယခုလည်း ပုပ္ပါးမှာ ရုပ်ရှင်သွားရောက်ရိုက်ကူးရင်း ရုတ်တရက်ဆုံးပါးသွားတာ ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ ပထမတစ်ခေါက်တုန်းက အသက်မသေပဲ ကံကောင်းခဲ့ပေမယ့် ယခုတော့ ရုတ်တရက် ဆိုသလို ထွက်ခွာသွားရတဲ့ ဦးကင်းအတွက် အားလုံးက ကြေကွဲဝမ်းနည်းဖြစ်နေကြပါတယ်။ ဦးကင်းတစ်ယောက် ကောင်းရာ သုဂတိရောက်ပါစေလို့ ဝမ်းနည်းစွာနဲ့ ဆုတောင်းပေးလိုက်ပါတယ်။

Source:Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။