စည်းလုံးမှု အပြန်အလှန်နားလည် ချစ်ခင်မှု သူငယ်ချင်းအချစ် တွေကို ဇာတ်အိမ်ကောင်းစွာနဲ့ ဖော်ညွှန်းရိုက်ကူးထားတဲ့ လေးပါးကျော့ရှိန်ဝရဇိန် ဇာတ်ကားကြီးကတော့ Trailer မှာတင် ကြည့်ရူသူပရိသတ် သန်းရှိခဲ့ပြီး ပရိသတ်တွေ အတွက် အမြင်သစ်တွေကို ခံစားကြည့်ရုူရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အဆိုပါ ဇာတ်ကားကြီးမှာတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ စည်ဖြိုး၊ မင်းသွေးတို့ သုံးယောက်က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

လေးပါးကျော့ရှိန် ဝရဇိန်ဇာတ်ကားကြီးကို မြန်မာနိုင်ငံရဲ့ လူအရောက်အပေါက်နည်းတဲ့ ကမ်းခြေနှစ်ဖက်ရှိတဲ့ မြန်မာနိုင်ငံရဲ့ အလှဆုံးသော ကမ်းခြေတစ်ခုဖြစ်တဲ့ ဂေါ်ရမ်ဂျီကျွန်းမှာ သွားရောက်ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေစဉ် အတွင်းမှာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်ခင်မှု နားလည်မှုတွေအပြည့်နဲ့ ရိုက်ကူးထားတာဖြစ်လို့ ပရိသတ်တွေအတွက် အကေားင်းဆုံးကြိုးစားထားကို မြင်တွေ့ရမှာဖြစ်ပါတယ်။

အရမ်းချစ်ကြတဲ့ သူငယ်ချင်းလေးယောက်ဖြစ်ပြီး တစ်ယောက်ထိရင် တစ်ယောက်မခံတတ်တဲ့ ဇာတ်ကောင်လေးယောက်ဖြစ်တဲ့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ စည်ဖြိုးတို့ ရှိနေပေမယ့် သူရဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုကြည့်ရူခွင့်မရလိုက်ပေမယ့် အကောင်းဆုံးကြိုးစားပေခဲ့တဲ့ မင်းသွေးကတော့ တမလွန်မှာ ကျေနပ်နေမှာပါ။ အရမ်းကို လှတဲ့ ဂေါ်ရန်ဂျီကျွန်းမှာရိုက်ထားတဲ့ သူတို့လေးယောက်ရဲ့ အမှတ်ရစရာ ပုံရိပ်လေးတွေကိုလည်း ပြန်လည်ဝေမျှလိုက်ပါတယ်။

Source:Kyaw Kyaw Htay Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။