Melody World သီချင်းဆိုပြိုင်ပွဲ အစီအစဉ်ကနေ ဝါသနာရှင် အဆိုတော်တစ်ယောက်အဖြစ်ကနေ Top-5 ပြိုင်ပွဲဝင်ထိ တက်ရောက်နိုင်ခဲ့ပြီး ပရိသတ်ချစ်ရတဲ့ နိုင်ငံကျော်အဆိုရှင်တစ်ဦးအဖြစ် လူသိများအောင်မြင်မှုရရှိခဲ့ပါတယ်။ "နှလုံးသား အရင်းအနှီး" သီချင်းလေးနဲ့ စတင် ပရိသတ်တွေရဲ့ ရင်ထဲမှာ စတင် နေရာယူနိုင်ခဲ့ပြီး သူမရဲ့ အသံချိုချိုလေးတွေနဲ့ ရင်တွင်း ခံစားချက်တွေ အပြည့်ပါဝင်တဲ့ သီချင်းကောင်းလေးတွေ ကို အမြဲသီဆိုလေ့ရှိသူပါ။

သူမ အသက်(၂၈) နှစ်ပြည့်မွေးနေ့၊ သြဂုဏ်လ(၂၉) ရက်နေ့မှာ သူမရဲ့ Solo Album သီချင်းခွေလေးဖြစ်တဲ့ "မာ " ဆိုတဲ့ တေးစီးရီး Album လေးထွက်ရှိခဲ့ပြီး " ရင်ဘတ်ထဲက လူနှစ်ယောက်" လို့ အမည်ရတဲ့ သီချင်းလေး ကတော့ အမြည်းအနေနဲ့ ချပြခဲ့တဲံအပြင် အတော်လေးကို မိန်းကလေးပရိသတ်တွေကြား လူကြိုက်များရေပန်းစားခဲ့ပါတယ်။ "မာ " တေးစီးရီး Album လေးနဲ့ပဲ (၁၇) နှစ်ပြည့် စီးတီးအက်အမ် အထိမ်းအမှတ်နဲ့ ဆုပေးပွဲမှာ "၂၀၁၈ တစ်နှစ်အတွင်း ရောင်းအားအကောင်းဆုံး အမျိုးသမီးတေးစီးရီး အဆိုတော်" ဆုရရှိခဲ့ြ့ပီး သူမရဲ့ ဘဝမှာနောက်ထပ် အောင်မြင်မှုလေး ရရှိခဲ့တာဖြစ်ပါတယ်။

သူမ သီဆိုခဲ့တဲ့ သီချင်ေးတွထဲက သီချင်းသစ်တစ်ပုဒ်ဖြစ်တဲ့ "မင်းမသိသော" သီချင်းလေးကို ပရိသတ်တွေကို မိတ်ဆက်အမြည်းနားထောင်စေချင်တဲ့ အနေနဲ့ မှန်တင်ခုံရှေ့လေးမှာအလှပြင်ရင်း လက်တန်းဆိုပြလိုက်ပါတယ်။ " အကယ်၍ မင်းအနား ဒီဘဝရောက်ဖို့ခက်ရင်၊ နင့်အနားမဟုတ်တဲ့ ငါအဝေးကနေ ချစ်မယ်၊ငါဆိုတာလည်း အခုမင်းမသိတဲ့အတိုင်း ဆက်ပြီးတော့နေလိုက်မယ်၊ငါထင်တာ ငါတို့မင်းနဲ့ နီးဖို့က မလွယ်၊ အလှမ်းဝေးလွန်းတယ် မင်းနဲ့ ကိုယ်နဲ့ ၊ ငါမမျှော်လင့်သော ကိုယ့်ရဲ့ ရင်ထဲ ..ကိုယ်ချစ်ရသူရယ်...၊ အကယ်၍ ငါ့လုပ်ရပ်များ အနှောင့်အယှက်ဖြစ်ရင် ငါနဲ့ ပတ်သက်တာ ဘာမှ မင်းအနား မမြင်စေရဘူး၊ မင်းမသိတဲ့ အတိုင်း ဆက်ပြီးတော့ နေလိုက်မယ် " ဆိုတဲ့ လွမ်းဆွေးဖွယ် စာသားလေးတွေနဲ့ ရှေ့ဆက်ဖို့ ခက်ပြီး လမ်းခွဲရတော့မဲ့ ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းကို ဖွဲ့ဆိုထားတာဖို့ ပရိသတ်များ ခံစားနားဆင်လို့ရအောင် Video လေးနဲ့ ဖော်ပြလိုက်ရပါတယ်။

source: Irene Zin Mar Myint;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။