ဟာသလူရွှင်တော်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ကင်းကောင်ကတော့ ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက်မှာ ချွဲကျပ်ရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကို ပျော်ရွှင်ရယ်မောရအောင် သူရဲ့ဟာသလေးတွေနဲ့ ဖျော်ဖြေလေ့ရှိတဲ့ ဦးကင်းက အခုတော့ သူချစ်ရတဲ့သူတွေ အားလုံးကို နှုတ်ဆက်ပြီး လူ့လောကကြီးထဲက အပြီးပိုင်ထွက်ခွာသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အကြွေစောခဲ့ရတဲ့ ဦးကင်းရဲ့နာရေးသတင်းကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်အသိုင်းအဝိုင်းက များစွာစိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

အများကို အမြဲရယ်မောပျော်ရွှင်စေတဲ့ ဦးကင်းတစ်ယောက် ပုပ္ပါးမှာ ဇာတ်လမ်းတွဲ ရိုက်ကူးနေရင်းနဲ့ ရောဂါကြောင့် ရုတ်တရက်ဆုံးပါးသွားခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ အနုပညာရှင်တွေအားလုံးက ဦးကင်းအတွက် ဝမ်းနည်းခြင်းများစွာနဲ့ ဆုတောင်းပေးနေကြတာလည်း ဖြစ်ပါတယ်။ အကယ်ဒမီ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချောရတနာကလည်း ဦးကင်းနဲ့အမှတ်တရလေးတွေကို ဗီဒီယိုဖိုင်လေးနဲ့တကွ ပြောပြပေးထားတာ တွေ့ရပါတယ်။

ချောရတနာက " ကဲ ဦးကင်းကြီးရေ ကိုယ်ကငပိန်ဆိုတော့ VCD ဟာသရိုက်ရင်လည်းဦးကင်းနဲ့ ဇတ်ကားတွေဟာသရိုက်ရင်လည်း ဦးကင်းနဲ့ ဒီကလည်း အရယ်သန် ဦးကင်းကြီးကလည်း ဘာမှသရုပ်မဆောင်ရသေးဘူး ရယ်စရာကောင်းသလို ချစ်ဖို့ကောင်းသော ဦးကင်းရေကောင်းရာသုဂတိရောက်ပါစေ " ဆိုပြီး ဦးကင်းနဲ့ နှစ်ယောက်အတူ သရုပ်ဆောင်ခဲ့ဖူးတဲ့ သီချင်းဗီဒီယိုဖိုင်လေးနဲ့ ပြောပြထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုဖိုင်လေးကတော့ ကြည့်ရှုသူပရိသတ်တွေအားလုံးကို ရင့်နင့်အောင် ဝမ်းနည်းကြေကွဲစေမှာ အမှန်ပဲဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မင်းသမီးချောရတနာရဲ့ ဆုတောင်းစကားနဲ့ ဗီဒီယိုဖိုင်လေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Chaw Yadanar;

photo & video:credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။