ပရိသတ်တွေရဲ့အချစ်တော် နိုက်တင်ဂေးမလေး ပိုပိုတစ်ယောက် မြိတ်မြို့မှာဖျော်ဖြေဖို့အတွက် သီချင်းတွေတိုက်နေပြီပဲဖြစ်ပါတယ်။ ဝါသနာပါရာ ဂီတလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းရင်း ပရိသတ်အားပေးမှုတွေကိုလည်း အခိုင်အမာရရှိထားသူလေးတစ်ယောက်လည်းဖြစ်ပါတယ်။ သီချင်းခွေတွေလည်းထွက်ရှိထားပြီး သူမရဲ့သံစဉ်လေးတွေဟာ ပရိသတ်တွေကြားထဲမှာ အတော်လေးရေပန်းစားလွန်းနေပါတယ်။

အလန်းစားပုံစံလေးတွေကို အမြဲပြောင်းတတ်ပြီး Fashion အမြင်ရှိသူတစ်ယောက်ပါပဲ။ ဒီတစ်ခေါက်မှာလည်း Harley Queen ပုံစံ ဆံပင်ဆေးဆိုးထားပြီး အပြတ်ကိုလန်းနေတာပဲဖြစ်ပါတယ်။ ရင်ခုန်ချင်စရာကောင်းတဲ့ ပိုပိုရဲ့ပုံရိပ်လေးတွေက အိမ်နေရင်းပုံစံ ကပိုကရိုလေးမှာတောင် ဆွဲဆောင်မှုတွေပိုလို့နေပါတယ်။ မိသားစုချစ်ခြင်းမေတ္တာကို အပြည့်အဝမခံစားခဲ့ရသူမို့ ပရိသတ်တွေကို သူမရဲ့မိသားစုလိုပဲ သဘောထားတယ်လို့ ဆိုပါတယ်။

မြိတ်မြို့မှာဖျော်ဖြေဖို့အတွက် သီချင်းတိုက်နေတဲ့ သူမရဲ့ပုံရိပ်တွေကို " ချစ်လား မချစ်ဘူးလားဖြေ မချစ်ဘူးဆိုရင် စိတ်ကောက်ပစ်မှာနော် ဟွန်း ( မြိတ်မြို့အတွက် သီချင်းတိုက်) with Sound Square music band .. " ဆိုပြီး လူမှုကွန်ယက်မှာဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အဆိုတော် သရုပ်ဆောင်မလေး ပိုပိုရဲ့ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။