Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ နာမည်ရအောင်မြင်နေတဲ့ မင်းသမီးလေး နေခြည်ဦးက လာမယ့် ဇန်နဝါရီလ ၂၅ ရက်နေ့မှာ အသက် (၂၇) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ မကြာခင်ကျရောက်တော့မယ့် မွေးနေ့ရက်မြတ်လေးမှာတော့ နေခြည်ဦးက မွေးနေ့ပွဲတွေ မကျင်းပဘဲ သူမရဲ့ Beautybynaychi Followers တွေနဲ့အတူ ကုသိုလ်ယူရအောင် အလှူတွေလုပ်မယ်၊ သီလရှင်ဝတ်ပြီးကုသိုလ်ယူမယ်လို့ စီစဉ်ထားပါတယ်လို့ နေခြည်ဦးက ပြောပြထားပါတယ်။

လာမယ့်မွေးနေ့လေးမှာ နေခြည်ဦးက " ကိုယ်ပွား " ရုပ်ရှင်ရိုက်ကူးရေးအတွက် တောင်ကြီးကိုရောက်နေမှာဖြစ်တာကြောင့် မွေးနေ့အလှူလေးကို စောစောပြုလုပ်ခဲ့ပါတယ်။ ဒီနေ့မှာတော့ နေခြည်ဦးက Nay Chi 27th Birthday Donation Week ရဲ့ Day one အဖြစ် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းဖြစ်တဲ့ အောင်ဇေယျာမင်း ပရိယတ္တိစာသင်တိုက်မှာ ပထမဆုံးအလှူပြုခဲ့ပါတယ်။ ကျောင်းသူ၊ကျောင်းသားတွေနဲ့ ကိုရင်၊ သီလရှင်ဆရာလေးတွေ အပါအဝင် မူလတန်းကနေ အထက်တန်းအထိ (2515) ဦးတောင်ရှိတဲ့ ဒီကျောင်းလေးမှာ နေခြည်ဦးက ထူးထူးခြားခြား အလှူပြုခဲ့တာ ဖြစ်ပါတယ်။

နေခြည်က ဒီကျောင်းလေးမှာ အဝတ်အစား၊ အဆာပြေမုန့်နဲ့ အရုပ်တွေအပြင် စာသင်ကြားနေတဲ့ မိန်းကလေးအတွက် လစဉ်သုံးပစ္စည်းတွေကအစ လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သူမနဲ့အတူ ဒီလမှာမွေးဖွားတဲ့ January born လေးတွေအတွက်လည်း မွေးနေ့ကိတ်တွေစီစဉ်ပေးခဲ့ပြီး ကလေးတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ပွဲလေး ကျင်းပခဲ့ပါသေးတယ်။ သူမရဲ့your social media BFF book လေးတွေကိုလည်း ကိုးတန်း၊ဆယ်တန်းကျောင်းသူလေး ၁၄၀ ကျော်ကို လက်ဆောင်အဖြစ် ပေးခဲ့တာလည်း တွေ့ရပါတယ်။ ပထမဆုံး မွေးနေ့အကြိုအလှူပွဲလေးမှာတင် အံ့သြစရာကောင်းလောက်အောင် လှူဒါန်းကုသိုလ်ယူခဲ့တဲ့ နေခြည်ဦးရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:beautybynaychi;

photo credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။