ဒီကနေ့ မနက်အစောပိုင်းမှာ ထွက်ရှိလာခဲ့တဲ့ ဟာသသရုပ်ဆောင် ဦးကင်းကောင်ကွယ်လွန်သွားပြီဆိုတဲ့ သတင်းဆိုးလေးကြောင့် ပရိသတ်တွေနဲ့ အနုပညာရှင်တော်တော်များများက မယုံနိုင်လောက်အောင် အံံ့သြဝမ်းနည်းသွားခဲ့ကြပါတယ်..။

ပရိသတ်တွေရဲ့ အချစ်တော် အသည်းကျော် သရုပ်ဆောင်မင်းသမီးချောလေး သက်မွန်မြင့်ကလည်း မနက်အိပ်ယာနိုးနိုးချင်းမှာ မြင်တွေ့လိုက်ရတဲ့ ဦးကင်းရဲ့ စိတ်မကောင်းစရာ သတင်းဆိုးလေးကြောင့် အံ့သြထိတ်လန့်သွားခဲ့ရပြီး ဝမ်းနည်းကြေကွဲခဲ့ရတယ်လို့ ဆိုပါတယ်..။

ချစ်သက်လေးကတော့ သူမအရမ်းချစ်ရတဲ့ ဦးကင်းရဲ့ သတင်းဆိုးလေးကြောင့် အရမ်းကို စိတ်မကောင်းဖြစ်နေရပြီး ရင်ထဲမှာလည်း ဟာကနဲဖြစ်ပြီး တကယ်ကိုဝမ်းနည်းကြေကွဲရသလို ဆုတောင်းစကားလေးကိုလည်း ဆို့နင့်စွာ ပြောထားပါသေးတယ်..။

အနုပညာလောကထဲကို စတင်ဝင်ရောက်ကတည်းက ကြော်ငြာအတူတူရိုက်ရင်း အောင်မြင်မှုတွေရရှိခဲ့တဲ့အချိန်ထိ မပြောင်းလဲပဲ ချစ်ခင်ပေးခဲ့တဲ့ သဘောကောင်းလွန်းတဲ့ ဦးကင်းအတွက် ချစ်သက်လေးရဲ့ ဝမ်းနည်းဆုတောင်းစကားလေးကတော့ ပရိသတ်တွေကိုလည်း စိတ်မကောင်းဖြစ်စေမှာ အမှန်ပါပဲ..။

ဦးကင်းအတွက် ချစ်သက်လေးရဲ့ စိတ်မကောင်းဆို့နင့်စွာ ပြောပြထားတဲ့ သူမတို့ရဲ့အမှတ်တရလေးတွေနဲ့ ဆုတောင်းစကားလေးတွေကိုလည်း ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

“ဒီမနက် နိုးတော့ ဒီသတင်းအရင်မြင်လိုက်ရတယ်..

ရင်ထဲ ဟာကနဲ!!!

ကိုယ်အရမ်းချစ်ရတဲ့ ဦးကင်း

မော်ဒယ်ဘဝ အစပိုင်းမှာ ကြော်ငြာတူတူရိုက်ကြရင်း သူလည်း ကိုယ့်ကို ချစ်, ကိုယ်လည်းချစ်

ဘယ်ချိန်တွေ့တွေ့ မပြောင်းလဲတဲ့ အချစ်တွေနဲ့ ချစ်ပေးတဲ့ ဦးကင်း!

တကယ်ဝမ်းနည်းရပါတယ် ဦးကင်းရယ်...

ကောင်းရာဘုံဘဝရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်

စိတ်ထားကောင်းတဲ့သူ ကံကောင်းတယ်တဲ့..

အရမ်းချစ်စရာကောင်းတဲ့ ဦးကင်း ဒီဘဝထက်သာတဲ့ ဘဝမှာ အေးချမ်းပါစေနော်

( ၂၀၁၅ ဒီဇင်ဘာက ရှုတင်မှာ တူတူဆုံခဲ့ကြတာ နောက်ဆုံးပဲနော်

ဟိုတလောက ဦးဖိုးဖြူနဲ့တွေ့တော့ မေးလိုက်သေးတယ်.. နေကောင်းတယ်တဲ့..” ဆိုပြီး ပြောပြထားတာပဲ ဖြစ်ပါတယ်..။

Photo - သက်မွန်မြင့်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။