မကြာခဏဖြစ်ပေါ်တက်တဲ့ ပြည်တွင်း မီးလောင်မှုသတင်းတွေကိုတတော့ အားလုံးလည်း ကြားမိကြမယ်ထင်ပါတယ်။ ကြောက်စရာကောင်းတဲ့ မီးဘေးဒုက္ခကြောင့် သေဆုံးသူများစွာနှင့်အတူ ဘဝပျက်ခဲ့ရသူတွေလည်းများစွာဖြစ်ပေါ်ခဲ့တာအားလုံးအသိပဲဖြစ်မှာပါ။ ဒီကနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ကြောက်စရာမီးလောင်မှုကြီးတစ်ခုကတော့ ထပ်မှန်ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။    

အဆိုပါ မီးလောင်မှုကတော့ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အတွင်းရှိ ဗဟိုလမ်းနှင့်ကျိုက်လတ်လမ်းထောင့်တွင် ဖြစ်ပွားခဲ့တာဖြစ်ကြောင်းသိရပါတယ်။ ၎င်းမီးလောင်မှုကတော့ ဒီကနေ့ နံနက်အစောဆုံး ၅ နာရီ ၄၀ခန့်ကဖြစ်ပွားခဲ့တာဖြစ်ပြီး လူသေမှုတွေပါရှိနေကြောင်း ကနဦးသတင်းများအရသိရပါတယ်။ လက်ရှိ အဆိုပါမီးလောင်မှုဖြစ်ပွားရာနေရာသို့ Level 2 အဆင်ဖြင့် မီးသတ်ယာဉ်များထွက်ခွာသွားခဲ့ပြီး လူနာတင်ယာဉ်တွေပါ တပါတည်းလိုက်ပါသွားခဲ့ရကြောင်း သိရပါတယ်။  

ဘယ်လိုလောင်ကျွမ်းခဲ့ကြောင်းကို မသိရှိရသေးပဲ လက်ရှိမီးလောင်မှုကို ဝိုင်းဝန်းငြိမ်းသတ်နေကြပြီး ဆုံးရှုံးမှုနှင့် လူသေဆုံးမှုတွေကို အတိအကျမသိရှိရသေးကြောင်း သိရပါတယ်။ ဆိုးဆိုးရွားရွားမီးလောင်ကျွမ်းခဲ့ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်အတွင်းရှိ မီးလောင်မှုပုံရိပ်တွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

Photos - နာရေးကူညီမှုအသင်း ရန်ကုန်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။