ကာဒစ်စီးတီးအသင်းက ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့တဲ့ နန့်တက်စ်တိုက်စစ်မှူး အီမီလီယာနိုဆာလာ လိုက်ပါလာတဲ့ လေယာဉ်ဟာမနေ့ကပျောက်ဆုံးနေတယ်ဆိုတဲ့သတင်းတွေထွက်ခဲ့ပြီးရှာဖွေမှုတွေဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ဒီနေ့မှတော့ရှာဖွေမှုတွေကိုရပ်တန့်လိုက်ပြီလို့ကြော်ငြာခဲ့တာကြောင့်ပရိသတ်တွေအကုန်စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

ဒီအပြောင်းအရွေ့ရာသီမှာကာဒစ်အသင်းကိုပြောင်းရွေ့လာတဲ့တိုက်စစ်မှူးဟာအသင်းရဲ့လေ့ကျင့်ခန်းတောင်မဆင်းရသေးပဲခုလိုပျောက်ဆုံးသွားတာကြောင့်ပရိသတ်တွေကစိတ်မကောင်းဖြစ်နေကြတာပါ။ပရိသတ်တွေကလည်းသူ့အတွက်ဆုတောင်းမှုတွေကိုပြုလုပ်နေကြပြီးကမ္ဘာတစ်ဝှမ်းကပရိသတ်တွေကလည်းသူ့အတွက်စိတ်မကောင်းဖြစ်နေရတာပါ။

သူစီးလာတဲ့လေယာဉ်ကအဆက်သွယ်ပြတ်သွားခဲ့တာဖြစ်ပြီးခုချိန်ထိအဆက်သွယ်မရသေးတာဖြစ်ပါတယ်။ရှာဖွေမှုအကြီးစားတွေတော့ရပ်ဆိုင်းလိုက်ပေမယ့်အသေးစားရှာဖွေမှုတွေကိုပြုလုပ်ဦးမယ်လို့သိရပါတယ်။သူကတောပြင်သစ်ကနေဝေးလ်ကိုအပြန်မှာခုလိုဖြစ်ရပ်ဆိုးမျိုးကိုကြုံလိုက်ကတာဖြစ်ပါတယ်။ရှာဖွေမှုတွေလည်းအမြန်ဆုံးတွေ့ရှိပြီးအန္တရာယ်ကင်းပါစေလို့ပရိသတ်တွေနှင့်တကွဆုတောင်းပေးလိုက်ကပါတယ်။

SOURCE:Daily Mail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။