ထိုင်းလိဂ်မြောင်တောင်အသင်းတွင် အဌားသွားရောက်ကစားနေသော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူသည် မြန်မာပရိတ်သတ်များနဲ့မြောင်တောင်ပရိတ်သတ်များ အားရကျေနပ်စေရန် ခြေစွမ်းပြကစားလိုပြီး လက်ရှိခြေစွမ်းထက်ပိုကောင်းအောင် ကြိုးစားနေကြောင်းပြောကြားထားပါတယ်။ အောင်သူသည် မြောင်တောင်အသင်းနှင့်အတူ ၂၀၁၉ ထိုင်းလိဂ်အကြို Leo ဖလားရှုံးထွက်ပြိုင်ပွဲတွင် ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခဲ့တာပဲ ဖြစ်ပါတယ်။  

“ ဘယ်လိုပဲ ဖြစ်ဖြစ် ခြေစွမ်းကို အားရကျေနပ်မှုမရှိသေးဘူး။ ဒီထက်ပိုပြီးကစားပြချင်တယ်။ လုပ်ပြချင်တယ်။ နောက်ပွဲတွေမှာ ကိုယ်အားရှိသလောက် ပိုပြီးကြိုးစားမယ်။ မြန်မာပရိတ်သတ်တွေရော၊ မြောင်တောင်ထိုင်းပရိတ်သတ်တွေရော အားပေးကြတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ အသင်းမှာ အသစ်ရောက်လာတာဖြစ်လို့ စိမ်းနေသေးပင်မဲ့ အသင်းနဲ့တစ်စုတစ်စည်းထဲဖြစ်အောင် ကြိုးစားနေပါတယ်။ အဲ့အတွက်လည်း နားလည်ပေးဖို့ တောင်းဆိုပါတယ် ” လို့ ပြောကြားထားတာပဲ ဖြစ်ပါတယ်။ မြောင်တောင်အသင်းသည် ၂၀၁၉ ထိုင်းလိဂ်အကြို Leo ဖလားရှုံးထွက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး ၁၆သင်းအဆင့်တွင် ဆာမက်ဆာခွန်ကို တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရရှိသော်လည်း ကွာတားအဆင့်တွင် ဟနွိုင်းအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ကာပြိုင်ပွဲမှ ထွက်ခဲ့ရတာလည်း ဖြစ်ပါတ

ယင်းပြိုင်ပွဲနှစ်ပွဲစလုံးတွင် အောင်သူဟာပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့သည်။အောင်သူသည် ယခုနှစ်တွင် မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းမှ ထိုင်းကလပ်မြောင်တောင်အသင်းသို့ တစ်ရာသီအဌားစာချုပ်ဖြင့် ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်ကာ အသင်းသစ်တွင်ခြေစွမ်းပြသနိုင်ရန် ကြိုးစားလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ မြောင်တောင်အသင်းသည် ထိုင်းလိဂ်အသင်းတွင် ချန်ပီယံဆုလေးကြိမ်ရရှိထားပြီး ၂၀၁၈ ဘောလုံးရာသီတွင် အမှတ်ပေးဇယားအဆင့် (၄) နေရာတွင် ရပ်တည်ခဲ့သောအသင်းလည်း ဖြစ်ပါတယ်။

Source - Muangthong United FC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။