လတ်တလောအချိန်မှာဆိုရင်တော့ ကမ္ဘာ့နိုင်ငံတော်တော်များများက မြို့ကြီးတွေမှာ ကားဗုံးဖောက်ခွဲတိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာတွေ့ရပါတယ်။

မနေ့က ဇန်နဝါရီလ ၂၂ ရက်နေ့မှာဆိုရင်လည်း ဆီးရီးယားနိုင်ငံထဲက လက်တာကီးယားမြို့မှာ ကားဗုံးဖောက်ခွဲတိုက်ခိုက်မှု ထပ်မံဖြစ်ပေါ်ခဲ့ပါသေးတယ်။

၎င်းကားဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁ ဦးရှိခဲ့သလို ၁၅ ဦးလောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

သေဆုံးခဲ့သူကတော့ ကားမောင်းသူ ကိုယ်တိုင်ဖြစ်ပြီး ဒီတိုက်ခိုက်မှုကိုတော့ အသေခံဗုံးခွဲတိုက်ခိုက်မှုလို့ ခေါင်းစဉ်တပ်ထားကြပါတယ်။ 

ဒါ့အပြင် ၎င်းပေါက်ကွဲမှုဖြစ်တဲ့နေရာမှာ နောက်ထပ် ဖောက်ခွဲရေး ပစ္စည်းတွေ ထပ်မံတွေ့ရှိရတာကြောင့် အာဏာပိုင်တွေက ဖယ်ရှားခဲ့ကြရပါတယ်။

နိုင်ငံအတွင်းမှာလည်း အခုလိုတိုက်ခိုက်မှုတွေ မကြာမဏဆိုသလိုဖြစ်ပေါ်နေတာကြောင့် သမ္မတအနေနဲ့လည်း ရပ်တန့်စေချင်ပေမယ့် ဒီလိုဖြစ်ရပ်ကတော့ ဖြစ်မြဲဖြစ်ဆဲ အနေအထားမှာရှိနေတာကိုတွေ့ရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။