ပြီးခဲ့တဲ့လွတ်လပ်ရေးနေ့တုန်းကရန်ကုန် မြောက်ဥက္ကလာပမြို့နယ်မှာ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲရွှင်ပွဲတွေကိုကျင်းပခဲ့ပါတယ်။ပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်တဲ့ ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကတော့မှတ်တမ်းကောင်းတွေနဲ့ပြီးဆုံးခဲ့ပါတယ်။မန်ယူလို့စပါးတို့လို့အမည်ပေးထားတဲ့အသင်းတို့ယှဉ်ပြိုင်ကစားခဲ့ပါတယ်။အဆိုပါပြိုင်ပွဲဗိုလ်လုပွဲမှာမန်ယူစပါးတို့တွေ့ခဲ့ပြီးပယ်နတီနဲ့မန်ယူကအနိုင်ရသွားပါတယ်။

အဆိုပါပွဲစဉ်ရဲ့ဗိုလ်လုပွဲမှာအနိုင်ဂိုးသွင်းယူပေးသွားတဲ့ကစားသမားလေးကတော့ခြေထောက်တစ်ဖက်မသန်တဲ့မောင်ကောင်းခန့်လင်း(ခ) ချိုင်းထောက်ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။သူကတော့ခြေထောက်တစ်ဖက်မစွမ်းပေမယ့်မာကျောတဲ့စိတ်ဓာတ်တွေကအောင်မြင်မှုတွေဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သူကတော့ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်းရရှိခဲ့ပါတယ်။သူကန်သွင်းခဲ့တဲ့VIDEOလေးကလည်းပရိသတ်တွေကြားမှာနာမည်ကြီးသွားခဲ့ပြီးအားပေးချီးကျူးမှုတွေပြုလုပ်ခဲ့ကြပါတယ်။စည်သူအောင်နဲ့ဘောလုံးအဖွဲ့ချုပ်ကလည်းသွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။ခုမှာတော့ဘဝကိုအရှုံးမပေးတဲ့ သတ္တိနဲ့ခံယူချက်တွေနဲ့ကောင်းခန့်လင်း(ခ)ဂျိုင်းထောက်ကိုတော့ပညာရေးအတွက်လည်း MFF ဥက္ကဋ္ဌ တည်ထောင်ထားတဲ့ ဧရာဝတီဖောင်ဒေးရှင်းကနေ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။