လူတိုင်းမှာ ကြောက်စိတ်ဆိုတာရှိပါတယ်။ ဘယ်အရာကိုမှမကြောက်တတ်တဲ့ လူဆိုတာ ကမ္ဘာပေါ်မှာ မရှိသလောက်အောင်ရှားပါတယ်။ တစ်ချို့က တိရစ္ဆာန်တွေကို ကြောက်တတ်သလို တစ်ချို့ က သရဲ တစ္ဆေလို မမြင်ရတဲ့ အရာမျိုးတွေကို တောင် ကြောက်ကြပါတယ်။ လူတစ်ယောက်ဟာ ကြောက်စိတ်တွေအရမ်းလွန်ကဲတဲ့ အခါ ကိုယ့်ရဲ့ နေထိုင်မှုပုံစံတွေကိုပါ ထိခိုင်စေရုံသာမက အခွင့်အရေးတွေကိုလည်း လက်လွှတ်အဆုံးရှုံးခံရတတ်ပါတယ်။ ဒါဆိုရင် ကြောက်စိတ်မရှိအောင် ဘယ်လို ဖယ်ရှားကြမလဲ။ ဒီအတွက် အရိုးရှင်းဆုံး ကြောက်စိတ်ကို ဖယ်ရှားနိုင်မယ့် နည်းလမ်း (၁၀)ချက်ကို ယနေ့ ပြောပြပေးမှာပါ။



(၁) စိုးရိမ်နေတဲ့ သင့်ရဲ့ စိတ်ကို နားချိန်ပေးလိုက်ပါ။ ဒါကတော့ တစ်ခုခုကို စိုးရိမ်ပူပန်နေတဲ့ အခါ ကြောက်စိတ်ဆိုတာ ကြီးကပါ ကပ်ပါးလာပါတယ်။ ဒါ့ကြောင့် ထိုကြောက်စိတ်ကို ဖယ်ရှားဖို့ အတွက် တခြားအရာတစ်ခုခုကို အာရုံပြောင်းလိုက်ပါ။ ဥပမာ လမ်းထလျှောက်လိုက်တာပဲ ဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက် ဖောျ်သောက်လိုက်တာမျိုးတွေ လုပ်သင့်ပါတယ်။

(၂) ကြောက်စိတ်ကို ဖျောက်ပြီးတော့ အသက်ကို ဖြေးဖြေးနဲ့ ပုံမှန်ရအောင် ရူပါ။ ကြောက်စိတ်ကြောင့် နှလုံးခုန်နှုန်းကို ရုတ်တရက်မြန်စေတာကြောင့် ဇောချွေးတွေပြန်ပြီး

ကြောက်စိတ်ကို ပိုဆိုးရွား စေနိုင်ပါတယ်။ ဒါကြောင့် အသက်ကို ဖြေဖြေမှန်မှန်နဲ့ ပြန်ရူပေးသင့်ပါတယ်။

(၄) အဆိုးဆုံးအခြေအနေတစ်ခုကို တွေးလိုက်ပါ။ ကြောက်စိတ်တွေအရမ်းများပြီး ဘာကိုမှ မလုပ်နိုင်တော့တဲ့ အချိန်မှာဆိုရင် ကိုယ့်ဘဝ တစ်သက်မှာ တစ်ခါမကြုံဖူးသေးတဲ့ ကြောက်စရာ တစ်ခုခုကို တွေးလိုက်ပါ.

(၃) နောက်တစ်ချက်ကတော့ အကြောက်တရားတွေကို ထိပ်တိုင်ရင်ဆိုင်လိုက်ပါ။ အရမ်းကိုကောင်းတဲ့ စာစုပါ။ တစ်ခါတစ်လေ ကြောက်စရာကောင်းတဲ့ အရာတွေကို ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းလိုက်ခြင်းကလည်း သင့်ရဲ့ ကြောက်စိတ်ကိုဖယ်၇ှား ပစ်နိုင်မှာပါ။

(၅) အရာရာကို ပြည့်စုံနေအောင် မကြိုးစားပါနဲ့။ ဘဝဆိုတာ အမြဲတမ်းတော့ အဆင်ပြေနေတဲ့ အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့်ရှိသင့်ရှိထိုက်တာထက်ပိုပြီးတော့ မရှိမိဖို့ အရေးကြီးပါတယ်။ နေ့ရက်တိုင်းက အဆင်ပြေနေတဲ့အခါ ကြောက်စိတ်ကို သင်ခံနိုင်ရည်ရှိတော့မှာ မဟုတ်ပါဘူး။

(၆) မျက်လုံးမှိတ်ပြီး သင့်အတွက် ပျော်ရွှင်ပြီး စိတ်ကြည်နူးစေမယ့် နေရာလေးတွေကို စိတ်ကူးယဉ်ကြည့်လိုက်ပါ။ဥပမာ သာယာတဲ့ ကမ်းခြေလေးမှာ လမ်းလျှောက်နေတာမျိုးလေးတွေ တွေးကြည့်ပါ။ ဒါဆိုရင် သင့်ကိုလွှမ်းမိုးထားတဲ့ ကြောက်စိတ်က တဖြည်းဖြည်း ပျောက်သွားပါလိမ့်မယ်။

(၈) ကြောက်တတ်တဲ့ စိတ်ကို ကုသဖို့ အတွက် အခြေခံကြတဲ့ နည်းလမ်းတွေကိုပဲ အသုံးပြုသင့်ပါတယ်။ ကြောက်စိတ်တွေအရမ်းများနေတဲ့ အချိန်မျိုးမှာ အရက်လိုမျိုး လူကို မူးယစ်စေတဲ့ အရာတွေကို သောက်သုံးပြီး ကြောက်စိတ်ဖြေပျောက်တာဟာ လုံးဝကို မှားယွင်းနေတဲ့ နည်းလမ်းတစ်ခုပါ။ အဲ့ဒီအစား အစားအသောက်တစ်ခုခု စားလိုက်တာပဲ ဖြစ်ဖြစ် မုန့်တစ်ခုခု စားလိုက်တာပဲ ဖြစ်ဖြစ် ထိုကဲ့သို့သော နည်းလမ်းတွေက ပိုပြီး ထိရောက်စေပါလိမ့်မယ်။

(၇) တစ်စုံတစ်ခုက သင့်ကို ကြောက်စိတ်ဖြစ်ပေါ်လာစေတဲ့ အခါ ထိုအကြောင်းအရာကို တစ်ယောက်ထဲ ကျိတ်ပြီး မခံစားပါနဲ့။ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ မိသားစု သူငယ်ချင်း မိတ်ဆွေတွေကို ပြောပြလိုက်ပါ။ ဒီနည်းလမ်းကလည်း သင့်ရဲ့ ကြောက်စိတ်တွေကို လျော့ပါးစေနိုင်ပါတယ်။


(၉) ကိုယ့်ကိုယ်ကို ပျော်အောင်ထားပါ။ ဒါကတော့ သင့်ရဲ့ ပင်ပန်းနေတဲ့ ဦးနှောက်ကို အစာကျွေးလိုက်တဲ့ သဘောပါပဲ။ ရုပ်ရှင်ကြည့်တာပဲ ဖြစ်ဖြစ် သင်ဝါသနာပါတဲ့ အားကစားတစ်ခုကို ဆော့တာပဲ ဖြစ်ဖြစ် တစ်ခုခု လုပ်လိုက်ပါ။ ဒါက စိတ်ပင်ပန်းတာကို ဖြေလျော့ပေးနိုင်တာကြောင့် ကြောက်စိတ်ဆိုတာကို ဖြစ်မလာစေနိုင်ပါဘူး။

(၁၀) နောက်ဆုံးတစ်ချက်ကတော့ အဖြေထုတ်ခိုင်းတာပါ။ ကိုယ့်ကို ကြောက်စေတဲ့ အရာမျိုးကို သင်လိုပဲ ကြောက်တတ်တဲ့ သူတစ်ယောက်က သင့်ကို ပြောပြခဲ့ဖူးလား။ ဒီလို ကြောက်စရာမျိုးကို သင်ကြားဖူးခဲ့လား။ ထိုကဲ့သို့သော မေးခွန်းမျိုးတွေကို ကိုယ့်ကိုယ်ကို ပြန်မေးပြီး အဖြေရှာကြည့်လိုက်ပါ။ ဒီနည်းလမ်းကလည်း ကြောက်စိတ်ကို ဖြေဖျောက်တဲ့ နေရာမှာ တကယ့်ကို အသုံးဝင်တာကြောင့် စမ်းကြည့်သင့်ပါတယ်။

ကြောက်စိတ်ဆိုတာ လူတိုင်းရှိနိုင်ပေမယ့် ထိုကြောက်စိတ်ကိုဖြေဖျောက်နိုင်ခဲ့မယ်ဆိုရင် သင့်ရဲ့ ဘဝက ပိုပြီးတော့ အပူအပင်ကင်းစွာနဲ့ နေထိုင်နိုင်မှာပါ။ ပရိသတ်ကြီးလည်း အကြောက်တရားတွေ ကင်းဝေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:nhs.uk

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။