စပါးအသင်းကွင်းလယ်ကစားသမားးယ်လီအလီသည် ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်တွင် ရရှိခဲ့သည့်တံတောင်ကြောဒဏ်ရာကြောင့် လာမည့်မတ်လအထိအနားယူရမှာပဲ ဖြစ်ပါတယ်။ ၎င်းရဲ့ဒဏ်ရာကို စပါးအသင်းဆေးအဖွဲ့က အသေးစိတ်စစ်ဆေးခဲ့တာပဲ ဖြစ်ပါတယ်။ စပါးအသင်းက အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကိုလည်း လာမည့်မတ်လထိလက်လွှတ်ရမည့်အခြေအနေတွင် ဒယ်လီအလီကိုပါထပ်မံလက်လွှတ်ရမည်ဖြစ်သောကြောင့် နည်းပြပိုချက်တီနိုအတွက် အခက်တွေ့နေရတာပဲ ဖြစ်ပါတယ်။ 

စပါးအသင်းက “ ကွင်းလယ်ကစားသမားဒယ်လီအလီဟာ ဒဏ်ရာကြောင့်လာမည့်မတ်လအထိ အနားယူရမှာပဲ ဖြစ်ပါတယ်။ ဆေးစစ်ထားတဲ့ရလာဒ်နဲ့ ဆရာဝန်ရဲ့မှတ်ချက်အရ သူ့ရဲ့ဒဏ်ရာဟာအချိန်ပေးကုသသွားရမဲ့ ဒဏ်ရာဖြစ်နေပါတယ်။ ဆရာဝန်တွေကလည်း သူဟာ လာမဲ့မတ်လအစောပိုင်းလောက်မှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့မှတ်ချက်ပြုထားပါတယ် ” လို့မှတ်ချက်ချခဲ့တာပဲ ဖြစ်ပါတယ်။ 

ဒယ်လီအလီက “ ကျွန်တော့ရဲ့ဒဏ်ရာကို အမြန်ဆုံးသက်သာလာအောင် ဆရာဝန်တွေရဲ့ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နေပါတယ်။ အသင်းအတွက် ပြန်ကစားပေးနိုင်အောင်လည်း ကြိုးစားနေပါတယ် ” ဟုတွစ်တာစာမျက်နှာမှာ ရေးသားဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။

Source - Goal.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။