အဆိုတော်တင်ဇာမော်ကတော့ ပရိသတ်တွေတခဲနက်ချစ်ခင်အားပေးခဲ့ရတဲ့ ပရိသတ်အချစ်တော်အဆိုတော်တစ်ယောက်ဖြစ်ပြီး အောင်မြင်မှုသရဖူပေါင်းများစွာကို ဆွတ်ခူးထားနိုင်သူလေးပဲဖြစ်ပါတယ်။ တင်ဇာမော်ရဲ့ သီချင်းလေးတွေကတော့ ယနေ့အချိန်ထိ ဆယ်ကျော်သက်တွေကြားမှာရေပန်းစားနေပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှု အားပေးမှုကို ရရှိနေသူလေးပဲဖြစ်ပါတယ်။

ပရိသတ်ချစ်ခင်အားပေးခဲ့ရတဲ့ တင်ဇာမော်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးကို ပိုင်ဆိုင်ထားပြီးသူမရဲ့ သူမလေး၀၀တုတ်တုတ်လေးနဲ့ ချစ်စရာကောင်းနေပြီး မြင်သူတိုင်းရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားပါတယ်။ ယနေ့မှာတော့ တင်ဇာမော်တစ်ယောက် ဆိုဖီယာရဲ့ သီချင်းသစ်လေးကို ချီးကျူးဂုဏ်ပြုစကားပြောကြားလိုက်ပါတယ်။ 

ယနေ့မှာတော့ တင်ဇာမော်က " သူ့အသံ သူ့ဆိုဟန် နဲ့သူ ဆိုရမယ့်သီချင်းကို ရွေးချယ် သီဆို ထုတ်လုပ်နိုင်ခြင်းက ကြီးမားသော အရည်အချင်း... ဂုဏ်ယူတယ် ညီမလေး.. ဒီ သီချင်းက အစ်မ နားထဲ ရော ရင်ထဲရော ထိတယ်!!!! " ဆိုပြီးပြောထားပါတယ်။ ချစ်ပရိသတ်တွေအတွက် ဆိုဖီယာရဲ့ သီချင်းသစ်လေးကိုဖော်ပြပေးလိုက်ပါတယ်။

source: ဆိုဖီယာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။