သရုပ်ဆောင်မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကတစ်ဆင့် လူသိများအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အချစ်တော် မေမြင့်မိုရ်မှာတော့ သူမနဲ့ရုပ်ချင်းတစ်ထေရာတည်း ဆင်တူတဲ့ မောင်ချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားရပါတယ်။ တက်သစ်စ အနုပညာရှင်လေး သျှင်းမြတ်ကတော့ အစ်မဖြစ်သူရဲ့ခြေရာကို အမှီနင်းနိုင်တော့မယ့် မင်းသားချောလေးပဲ ဖြစ်ပါတယ်။

မော်ဒယ်၊ သရုပ်ဆောင် သျှင်းမြတ်ကတော့ " ရသမော်ကွန်း အင်္လကာ " ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုများစွာ ရရှိခဲ့ပါတယ်။ အစ်မဖြစ်သူလိုပဲ သရုပ်ဆောင်ကောင်းပြီး ရုပ်ရည်သန့်ပြန့်ချောမောတဲ့ သျှင်းမြတ်က ပျိုပျိုမေလေးတွေရဲ့ နှလုံးသားကို ပါးချိုင့်လေးနဲ့ ဖမ်းစားတတ်တာ ဖြစ်ပါတယ်။ အခုလည်း သျှင်းမြတ်က အထာကျနေတဲ့ ဖက်ရှင်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းကို ကြွေကျစေခဲ့ပြန်ပါတယ်။

သျှင်းမြတ်က " မြို့ပြရဲ့ အဝေး " ဆိုတဲ့ခေါင်းစဉ်လေးနဲ့အတူ ကလောမြို့တစ်ခွင်ကို ဆိုင်ကယ်စီးပြီး လည်ပတ်နေတဲ့ အမိုက်စားပုံလေးတွေကို တင်လိုက်တာ ဖြစ်ပါတယ်။ All Black နဲ့ အပြတ်ဂေါ်နေတဲ့ သျှင်းမြတ်ရဲ့ စတိုင်ကတော့ နှစ်ခါပြန်ကြည့်လောက်အောင် အလန်းစားဖြစ်နေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးလေး မေမြင့်မိုရ်ရဲ့ မောင်ချောလေး သျှင်းမြတ်ရဲ့ ခပ်မိုက်မိုက်စတိုင်နဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Shinn Myat;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။