Jesse Lingard က သူဟာ Sir Alex Ferguson အတွက်ရော သူ့အဘိုးအတွက်ပါမဟုတ်ရင် မန်ယူအတွက်ရော အင်္ဂလန်အတွက်ပါ မကစားဘူးလို့ပြောခဲ့ပါတယ်။ အသက် ၂၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရှေ့တန်းကစားသမား Lingard ဟာဆိုရင် သူ့အဘိုးနဲ့အဘွားနဲ့အတူ နေတာပါ။ သူက " ကျွန်တော်သိပါတယ်..လူတိုင်း Sir Alex ရဲ့ ကုသမှုနဲ့ ပတ်သတ်ပြီးပြောနေကြတာကို ကျွန်တော်သိပါတယ်...ဒီရက်ပိုင်းအတွင်းမှာပဲ ကျွန်တော် အကုန်လုံးကို သိပြီးပါပြီ....သူ့တို့က ဂန္တဝင်တွေပါ...ဒါပေမဲ့ မင်းတို့ ငါအဘိုးလုပ်နေတဲ့အရာတွေကို မတွေ့မချင်းတော့ မင်းတို့သိမှာမဟုတ်ဘူး " လို့ရေးခဲ့ပါတယ်။

ဆက်လက်ပြီးသူဟာ " ငါ့အဘိုးဟာ ဘောလုံးသမားတစ်ယောက်မဟုတ်ခဲ့ပါဘူး.....သူငယ်ရွယ်စဉ်အခါက Great Britain အသင်းမှာ ရတ်္ဂတီဘောလုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ကာ အချိန်ပြည့်အောင် မကစားနိုင်ခဲ့ပါဘူး.....ကျွန်တော်မှတ်မိပါသေးတယ်...ကျွန်တော် အသက် ၉နှစ်မှာ Tony Whelan ရဲ့ရုံးခန်းကိုရောက်ခဲ့ပါတယ်......ကျွန်တော်အဘိုး weight မ ချင်လို့တောင်းဆိုခဲ့တယ်လေ " ဟုပြောကြားခဲ့ပါတယ်။ သူနဲ့သူ့အဘိုးအကြောင်းကို သူဟာပြန်လည်ပြောကြားခဲ့ခြင်းပဲဖြစ်ပါတယ်။

ထပ်မံပြီးသူဟာ " ရိုးသားစွာပြောရရင် ဖာဂူဆန်ကြောင့်သာမဟုတ်ရင် ကျွန်တော်ဒီမှာရှိနေမှာမဟုတ်ပါဘူး.....တစ်ရက်မှာ သူဟာ ကျွန်တော်နဲ့ ကျွန်တော်မိသားစုကိုတွေ့ဖို့ လာခဲ့ပါတယ်....သူကထိုင်ပြီးတော့ ကျွန်တော်ကို သူတို့ကယုံကြည်ကြောင်း....ကျွန်တော့်ကိုလဲစိတ်ရှည်ဖို့ပြောကာ....အသက်၂၂ ဒါမှမဟုတ် ၂၃ နှစ်မရောက်ခင်အချိန်ထိတော့ ကျွန်တော် အဆင်သင့်မဖြစ်သေးဘူးလို့ သူပြောခဲ့ပါတယ်....သူကျွန်တော်ကိုပြောတဲ့ ငါတိုမင်းကိုယုံကြည်တယ်ဆိုတဲ့ စကားက ကျွန်တော့်အတွက်အရာရာဖြစ်လာပါတယ် " လို့ပြောကာ သူဟာမန်ယူကို အဲ့လူနှစ်ယောက်ကြောင့် ကစားနေကြောင်းပြောဆိုခဲ့ပါတယ်။

Source : Daily Mail Sport

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။