ရီးရဲလ်မက်ဒရစ်အသင်းက ယခုဇန်နဝါရီလအပြောင်းအရွှေ့မပြီးဆုံးမီ ဂျူပင်တပ်စ်တိုက်စစ်မှူးဒိုင်ဘာလာကို ပြောင်းရွှေ့ကြေး စတာလင်ပေါင်သန်း ၉၀ ဖြင့်ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း Eurosports သတင်းဌာနကဖော်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ရီးရဲလ်မက်းရစ်အသင်းသည် ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကာလက အသင်းမှ တိုက်စစ်မှူးစီရော်နယ်ဒိုကို ဂျူပင်တပ်စ်အသင်းသို့ရောင်းချခဲ့သော်လည်း ၎င်းရဲ့နေရာတွင်အစားထိုးမှုမပြုလုပ်ခဲ့ဘဲ ဘင်ဇီမာနှင့်ဂါရက်ဇ်ဘေးတို့ကိုအသုံးပြုခဲ့သော်လည်း ၎င်းတို့အနေဖြင့်ပုံမှန်ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့၍ ရာသီဝက်ပြီးဆုံးချိန်အထိ အသင်းတိုက်စစ်ပိုင်းတွင် ရုံးကန်ခဲ့ရသော ကြောင့် ဒိုင်ဘာလာကိုခေါ်ယူရန် ပြင်ဆင်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။ 

အသက် ၂၅ နှစ်ရှိ ဒိုင်ဘာလာသည် ၂၀၁၅ ခုနှစ်က ပါလာမိုအသင်းမှ ဂျူပင်တပ်စ်အသင်းသို့ပြောင်းရွှေ့ခဲ့ပြီးနောက် အဓိကကစားသမားအဖြစ်ပါဝင်ကစားခွင့်ရခဲ့သော်လည်း အသင်းသို့စီရော်နယ်ဒိုရောက်ရှိလာပြီးနောက် အသင်းတိုက်စစ်ပိုင်းတွင် စီရော်နယ်ဒိုနှင့်မန်ဇူကစ်တို့နောက်မှသာ ပွဲထွက်ခွင့်ရရှိခဲ့သည့်အတွက် အသင်းပြောင်းရွှေ့ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

ထို့အပြင် ဂျူပင်တပ်စ်အသင်းကလည်း အာဆင်နယ်အသင်း ကွင်းလယ်ကစားသမားရမ်ဆေးကိုခေါ်ယူရန် သဘောတူညီမှုရရှိထားသောကြောင့် ဒိုင်ဘာလာကို ရောင်းချသွားဖွယ်ရှိကြောင်း သိရပါတယ်။

Source - Sky Sports 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။