ပရိသတ်ကြီးကို ဒီတစ်ပါတင်ဆက်ပေးမှာကတော့ ဂျာမနီနိုင်ငံ ဘာလင်မြို့တော်ရှိ ချောကလက်စက်ရုံမီးလောင်ပြီး ချိုမြိန်တဲ့ချောကလက် လမ်းဖြစ်သွားတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဂျာမနီနိုင်ငံ အနောက်ဘက် Werlမြို့မှာရှိတဲ့ မီးသတ်သမားများက ထိုပုံမှန်မဟုတ်အရေးပေါ်ကိစ္စကို လာရောက်ကိုင်တွဲဖြေရှင်းရတာဖြစ်ပါတယ်။ ခိုင်ခံ့ကြီးမားသော ကုန်တင်ကားကြီးနဲ့ ချောကလက်အရည်တွေကို သယ်ဆောင်လာပြီးလမ်းပေါ်သို့ပြည့်လျှံအောင်သွန်ချခဲ့တာဖြစ်ပါတယ်။

"တစ်တန်လောက်အလေးချိန်ရှိတဲ့ ချောကလက်အရည်တွေက လမ်းပေါ်မှာနေရာလပ်မကျန် ပြည့်နှပ်သွားတာဖြစ်တယ်လို့" မီးသတ်ဌာနရဲ့ ပြောခွင့်ရသူတစ်ဦးကဆိုထားတာလည်းဖြစ်ပါတယ်။ အဆိုပါမီးသတ်သမားက ချောကလက်အရည်တွေနဲ့ ပြည့်နှက်နေသော ၁၀၈စတုရန်းလမ်းပေါ်အား ပိတ်လိုက်တာဖြစ်ပြီး အခြားတစ်ဖက်မှာတော့ အထူးလမ်းသန့်ရှင်းရေး ကုမ္ပဏီတစ်ခုက လာရောက်ရှင်းလင်းခဲ့ရတာဖြစ်ပါတယ်။

"ဒါဟာနှလုံးထိခိုက်ကြေကွဲ ဝမ်းနည်းဖွယ်ကိစ္စရပ်တစ်ခုဖြစ်ပင်မဲ့၊ တစ်ဘက်ကကြည့်ရင်တော့ Werl မြို့သူ မြို့သားတွေအတွက် ချောကလက် လက်ဆောင်တစ်ခုလည်းဖြစ်တာလို့"ရယ်ရယ်မောမောနဲ့ မီးသတ်အရာရှိတစ်ဦးကဆိုခဲ့တာဖြစ်ပါတယ်။ ပရိသတ်ကြီးရေ အခုလို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားဖွယ် ထူးထူးဆန်းဆန်းသတင်းတွေကို ဗဟုသုတရဖွယ်မှတ်သားစရာတစ်ခုအနေနဲ့ မျှဝေပေးလိုက်ပါတယ်။

Source Reuters

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။