ဥပဒေဆိုတာ လူသားတွေရဲ့ ပြယုဂ်တစ်ခုဖြစ်ကြောင်းကို လူသားတိုင်သိကြမှာပါ။ ဥပဒေဆိုတာမရှိရင် လူသားတွေဟာ အမှားမှန်သိရင်တောင် ဆက်လက်ကျူးလွန်နေကြမှာပဲဖြစ်ပါတယ်။ ဥပဒေကြောင့်သာ လူသားတွေ ကိုယ့်ကျင့်တရားကို စောင်ထိန်းနေကြတာပါ။ ဒါပေမဲ့လဲ တစ်ခါတစ်လေမှာတော့ သတ်မှတ်ထားတဲ့ ဥပဒေတွေဟာဆို သင့်ကိုမေးခွန်းတစ်ခုအနေနဲ့ ကျန်ရစ်နေခဲ့စေပါတယ်။ သင်မထင်မှတ်ထားတဲ့ ဥပဒေတွေက သင့်ကိုရယ်မောစေမှာလား ကြောင်သွာစေမှာလားဆိုတာ ကိုတော့ ဖတ်ကြည်တဲ့အခါမှာ သိရမှာပေါ့နော်။ဟုတ်ကဲ့...Arizona မှာဆိုရင် မြည်းတွေဟာ အိပ်လို့မရဘူးဆိုတဲ့ ဥပဒေရှိပါတယ်။ 

ဘယ်လိုလုပ်မလဲ....မြည်းတွေလဲ အနားယူချင်မှာပေါ့...နော့်လေ။ Cowboy ဖိနပ်ဝတ်ချင်ရင် သင်ဟာအရင်ဆုံး နွားနှစ်ကောင်ကို ပိုင်ဆိုင်ရပါမယ်။အဲ့ဥပဒေကတော့ California ပြည်နယ် Blythe မှာသတ်မှတ်ထားတဲ့ ဥပဒေဖြစ်ပါတယ်။ Louisiana မှာချမှတ်ထားတဲ့ ဥပဒေကတော့ ဘဏ်ကိုဓါးပြတိုက်တဲ့အခါမှာ ရေသေနတ်နဲ့သာ ပစ်ရမယ်ဆိုတဲ့ ဥပဒေဖြစ်ပါတယ်။ အေးပါ....လုံခြုံးရေးက ရေသေနတ်ကို ဖြုံမယ်ဆိုတော့လေ...။ ဘာပဲဖြစ်ဖြစ်ပေါ့လေ...ဓါးပြတိုက်တာကတိုက်တာပါပဲ။သင်ဟာသင့်သူငယ်ချင်းတွေကို အရမ်းခင်နေသောအခါ ဒါမှမဟုတ် မတွေ့တာကြာလိုပြန်တွေ့ပြီး ဘီယာဆိုင်ဝင်ပြီး အကုန်လုံးကိုဝယ်တိုက်နိုင်လောက်ပါတယ်။ 

ဒါပေမဲ့ သင် Las Vegas မှာတော့လူ၃ယောက်ထက်ပိုပြီး ဝယ်တိုက်မယ်ဆိုရင်တော့ ဒါဟာ ဥပဒေကို ဆန့်ကျင်တာပါပဲ။ လူ ၃ယောက်ထက်ပိုပြီး ဝယ်မတိုက်ရဘူးဆိုတဲ့ ဥပဒေ Vegas မှာရှိပါတယ်။ Landon.....လူတိုင်းအားကျရတဲ့ Landon မြို့ကြီး.....သူတို့နိုင်ငံရဲ့ အထက်လူကြီးတွေအိမ်မှာ သေရင်ဒါဟာ ဥပဒေချိုးဖောက်တာပါပဲ။ အဲ့တော့ သေလုမျောပါး ဖြစ်နေတဲ့ချိန် အိမ်ကနေ အမြန်ဆုံးထွက်ပါ..အနည်းဆုံးတော့ မိသားစုကို ကာကွယ်နိုင်ပါတယ်။ ရေအောက်မှာ လေချွန်လို့ရမယ်လို သင်ထင်ပါလား....ထားပါလေ...ဟုတ်ကဲ့...Vermont မှာဆိုရင် ရေအောက်မှာ လေချွန်တာ ဥပဒေကို ချိုးဖောက်တာပါပဲ။ ချမှတ်ထားတဲ့ ဥပဒေက ရေအောက်မှ လေမချွန်ရဆိုတဲ့ ဥပဒေပါ၊

Source : 25 List

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။