လက်ရှိအချိန်မှာတော့ ထိုင်းနိုင်ငံထဲ ပုံစံအမျိုးမျိုးနဲ့ ဝင်ရောက်လာပြီး ဥပဒေနဲ့အညီ နေထိုင်ခြင်းမရှိတဲ့သူတွေကို သ က်ဆိုင်ရာက လိုက်လံစစ်ဆေးနေပါတယ်။

ထိုသို့စစ်ဆေးရာမှာတော့ နေရာပေါင်း ၂၁၇ နေရာက ဥပဒေနဲ့ မညီညွတ်တဲ့ နိုင်ငံခြား သားပေါင်း ၅၀၀ ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဒီဖမ်းဆီးမှုနဲ့ပတ်သတ်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာဆိုရင်လည်း ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ ရဲမှူးကြီး အိတ်သိဖုန်းအစ်သီ ဆန်ချိုင်းကတော့ ယခုဖမ်းဆီးခဲ့သူတွေဟာ ဗီဇာရက်ကျော်နေထိုင်သူတွေ ၊ တရားမဝင် ဝင်ရောက်နေထိုင်သူတွေနဲ့ ထိုင်အလုပ်သမား ဥပဒေနဲ့ ငြိစွန်းနေသူတွေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ 

အခုဖမ်းဆီးခံခဲ့ရသူတွေထဲမှာတော့ အီရန်၊ လာအို၊ ရုရှား၊ အမေရိက၊ အိန္ဒိယ၊ တရုတ်၊ မွန်ဂိုလီးယား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ တောင်ကိုးရီးယားတို့ အနည်းငယ်စီပါဝင်ပြီး အများဆုံးက မြန်မာနိုင်ငံသား ၁၂၄ ဦးနဲ့ ကမ္ဘောဒီးယား ၁၁၈ ဦးတို့ ပါဝင်ပါတယ်လို့သိရပါတယ်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။