ပြည်တွင်း အထက်တန်း၊ အလယ်တန်းစားနဲ့ ဆင်းရဲသားဟူ၍ အလွှာသုံးမျိုးထဲမှာ အများအပြားဆုံးရှိနေတာကတော့ ဆင်းရဲသားလူဦးရေပဲဖြစ်ပါတယ်။ လမ်းမပေါ်က ဆင်းရဲချို့တဲ့သူတွေရဲ့ နေ့စဉ်လှုပ်ရှားမှုတွေက ထိခိုက်ဒဏ်ရာရရှိမှု ပိုမိုများပြားသလို အသေအပျောက်အများ စာရင်းထဲမှာလည်း ထိပ်ဆုံးက ပါဝင်နေတာပဲဖြစ်ပါတယ်။ အဆိုပါ ဆင်းရဲသားတွေထဲက အမှိုက်ကောက်တွန်းလှည်းမောင်းတဲ့ ကလေးငယ်တစ်ဦးရဲ့ သနားစရာဖြစ်အပျက်ကတော့ မနေ့ကဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ကလေးငယ်တစ်ဦးကတော့ အမှိုက်ကောက်တွန်းလှည်းမောင်းရာမှာ လူမနေအိမ်တစ်လုံးအရှေ့ သရက်ပင်ပေါ်တွင် ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်ကတော့ မနေ့က ဇန်နဝါရီလ ၂၇ရက်နေ့ နေ့လည်ပိုင်းက သံသုမာလမ်းမကြီး ကမိုးစွေမှတ်တိုင်နားရှိ လူမနေအိမ်တစ်လုံးအရှေ့ရှိ သရက်ပင်ပေါ်သို့ သရက်သီးခူးရန်တက်ရာမှာ ဓာတ်ကြိုးဖြင့် ထိခဲ့ပြီး ဓာတ်လိုက်သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။  

သရက်သီးတက်ခူးရာ ဓာတ်ကြိုးပေါ်တွဲလောင်းကြီး ဓာတ်လိုက်သေဆုံးခဲ့တဲ့ အဆိုပါ ကလေးငယ်အား ရပ်ကွက်အုပ်ချုပ်ရေးမှု၊ ရဲနှင့် မီးသတ်ဌာနမှာ တာဝန်ရှိသူများလာရောက် ကူညီခဲ့ပြီး အလောင်းကတော့ ညှော်နံ့ထက်ပြီး သေဆုံးနေပြီးဖြစ်ကြောင်း သိရပါတယ်။ အစားတစ်လုပ်အတွက် အသက်ပေးခဲ့ရတဲ့ အဆိုပါ အမှိုက်ကောက်ကလေးငယ်တစ်ဦးရဲ့ စိတ်မကောင်းစရာပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် သတိပြုနိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Photos - swe swe myint

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။