ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဆိုတာနဲ့ဂျူဗီအသင်းရဲ့တိုက်စစ်မှူးရော်နယ်ဒိုကိုပြေးမြင်မိကြမှာပါ။သူကတော့ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုတွေကိုအကြိမ်ကြိမ်ဆွတ်ခူးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။အသင်းတိုင်းမှာလည်းဆုဖလားတွေအများကြီးနဲ့ရွှေဖိနပ်တွေအများကြီးဆွတ်ခူးနိုင်တဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ကစားသမားဘဝမှာအောင်မြင်မှုတွေရရှိတဲ့ကစားသမားတစ်ယောက်ဖြစ်သလိုသာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။သူကတော့သူ့ရဲ့ခြေရာကိုတစ်ထပ်တည်းကျအောင်တော်တဲ့သားလေးကိုလည်းပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေကချစ်စနိုးတဲ့ခေါ်တဲ့ဂျူနီယာရော်နယ်ဒိုကတော့အဖေလိုပဲဘောလုံးစကေးအပြည့်နဲ့ကစားနိုင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ရော်နယ်ဒိုဂျူဗီအသင်းကိုရောက်ခဲ့တုန်းကလည်းဒိုလေးရဲ့သားလေးဟာဂျူဗီလူငယ်အသင်းမှာကစားခဲ့ပြီးခြေစွမ်းပြပြီးဂိုးတွေသွင်းယူနိုင်တာဖြစ်ပါတယ်။ပရိသတ်တွေကလည်းအဖေတူသားလေးလို့ချီးကျုးခဲ့ကြပြီးအနာဂတ်မှာထွန်းတောက်လာဖို့မျှော်လင့်နေတာဖြစ်ပါတယ်။ပရိသတ်တွေလည်းဂျူနီယာရော်နယ်ဒိုရဲ့စကေးလေးတွေကိုကြည့်ပြီးအားပေးကြပါဦးနော်။

SOURCE:Oh My Goal

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။