မမဝဝတို့အတွက် သတင်းကောင်းလေးလာပြီနော်။ လွယ်လွယ်ကူကူလုပ်လို့ရပြီး ထိရောက်တဲ့ဝိတ်ချနည်းတွေမိုပ မကျမှာတော့စိတ်ပူမနေနဲ့နော်။

မနက်စာ

မနက်စောစောသံပုရာရည်အေးအေးလေးကိုသောက်လိုက်ခြင်းက အစာအိမ်ကို ရှင်းပေးရာရောက်ပြီး ဇီဝရုပ်ဖြစ်စဉ်တွေကို လန်းဆန်းစေပါတယ်။

နာရီဝက်အကြာမှာ ပန်းသီး ၂လုံး (သို့မဟုတ်) လိမ္မော်သီး၂လုံးစားပေးပါ။ စပျစ်သီးကိုလည်းစားနိုင်ပါတယ်။ ပြီးရင်တော့ မြေပဲ လက်တစ်ဆုပ်စာ၊ သီဟိုစေ့ ဒါမှမဟုတ် အစေ့အဆံတစ်မျိုးမျိုးကိုလည်းစားလို့ရပါတယ်။

နေ့လည်စာ

နေ့လည်စာစားရင် အသားတစ်မျိုးမျိုး (ဥပမာ-ချက်ထားတာဖြစ်ဖြစ် ပြုတ်ထားတာဖြစ်ဖြစ် - ကြက်သား) စားလို့ရပါတယ်။ ပြီးရင် ဒိန်ချဉ် ၂ ခွက်သောက်ပါ။

အဆာပြေ

လတ််ဆတ်တဲ့ရာသီပေါ်အသီးအရွက်တွေကို သံလွင်ဆီထည့်ပြီး သုတ်စားပါ။ ဆား အနည်းငယ်သာထည့်ပါ။

ညစာ

ညစာကို ည ၆ နာရီ မတိုင်ခင်စားပေးရပါမယ်။ ညစာကိုတော့ ကြက်ဥပြုတ်၂လုံး နဲ့ သခွားသီးသုပ်ဖြစ်ဖြစ်၊ အသီးအရွက်သုပ်တစ်ခုခုဖြစ်ဖြစ် သံလွင်ဆီနဲ့သုပ်စားပါ။ ဆားလျော့ပါ။၆နာရီ နောက်ပိုင်း ဘာမှမစားသင့်ပါဘူး။ ညအိပ်ရာမဝင်ခင်မှာ Green Tea ၁ လီတာကုန်အောင်သောက်ပေးပါ။

အထက်ပါနည်းအတိုင်း ၁ပတ် (သို့မဟုတ်) ၁ဝရက်လောက် ဆက်တိုက်စားသောက်ကြည့်ပါက ၁၀ ပေါင်လောက်ကျနိုင်ပါတယ်။

Source: Foreign Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။