ဒီဖြစ်ရပ်လေးကတော့ ကြောက်စရာကောင်းတဲ့ဖြစ်ရပ်လေးတစ်ခုဖြစ်သလို တဘက်ကကြည့်ရင်လည်း ဟာသသဘောဆောင်တဲ့ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့တာကတော့ သြစတြေးလျ နိုင်ငံ ဘရစ္စဘိန်းမြို့မှာဖြစ်ပြီး မြွေကိုက်ခံခဲ့ရသူကတော့ အသက် ၅၈ နှစ်အရွယ် ဟယ်လင် ရစ်ချတ် လို့ခေါ်တဲ့အမျိုးသမီးပဲဖြစ်ပါတယ်။

သူမဟာ ဆွေးမျိုးတွေနေထိုင်တဲ့ နေထိုင်တဲ့ အိမ်ကို အလည်အပတ်သွားရောက်စဉ် အိမ်သာတက်ရာကနေ အခုလိုအကိုက်ခံခဲ့ရတာပဲဖြစ်ပါတယ်။

သူမကတော့” ကျွန်မ အိမ်သာခွက်ပေါ် ထိုင်လိုက်ချိန်မှာ ချွန်ထက်တဲ့ အရာတခုက ကျမခန္ဓာကိုယ်အောက်ပိုင်းကို လာထိခဲ့ပြီး တဆက်တည်းမှာပဲ နာကျင်မှုကိုခံ စားခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။

သူမကံကောင်းခဲ့တာတစ်ခုက သူမကိုကိုက်ခဲ့တဲ့မြွေဟာ အဆိပ်မရှိတဲ့ စပါးအုံးမြွေဖြစ်နေတာကြောင့်ပဲဖြစ်ပါတယ်။

အကယ်၍အဲ့ဒီအိမ်သာခွက်ထဲမှာ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်သာဝင်ခွေနေတာဆိုရင်တော့ သူမအနေနဲ့ အသက်အန္တရာယ်နဲ့ပါ ကြုံတွေ့သွားရနိုင်ပါတယ်။

သတိမထားဘဲ အမှတ်မထင်ပြုလုပ်မိလိုက်တဲ့အရာလေးက ကိုယ့်ရဲ့အသက်ပါပေးဆပ်လိုက်ရတဲ့အထိဖြစ်သွားမယ်ဆိုရင်တော့ ဒါဟာ အင်မတန်တကယ့်ကို ကြေကွဲရမယ့်ဖြစ်ရပ်လေးတစ်ခုပါပဲ။

ပရိသတ်တွေလည်း ဒီလိုအဖြစ်ဆိုးနဲ့ မကြုံရလေအောင် အိမ်သာတက်တော့မယ်ဆိုရင် အိမ်သာခွက်ထဲကို အရင်ကြည့်ပြီးမှ တက်ကြဦးနော်။ 

source _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။