လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က နိုင်ငံခြားသားတစ်ဦးနဲ့အတူ ဟိုတယ်တစ်ခုမှာ ထိုင်နေတဲ့ Myanmar Idol Finalist တစ်ဦးဖြစ်တဲ့ ပိုးမီရဲ့ ဓာတ်ပုံဟာ ဖေ့စ်ဘုတ်ပေါ်မှာ ပြန့်ခဲ့ပြီး အဲ့ဒီဓာတ်ပုံကို တင်သူကတော့ ကေတီဗီတွင် အလုပ်လုပ်ကာ နိုင်ငံခြားသားများနဲ့ ပတ်သက်မှုရှိတယ်ဆိုပြီး သူမကို ပုတ်ခတ် ပြောဆိုထားပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး ပိုးမီက သူမရဲ့ ပရိသတ်တွေကို အားနာတာကြောင့် မတ်လ ၁၈ရက်နေ့က အောက်ပါအတိုင်းပြန်လည်ပြောကြားခဲ့ပါတယ်။

‘‘ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုမစိုက်တတ်ခဲ့ဘူး.. မမှန်ဘူး ထင်ရင်လည်း ဘယ်သူခိုင်းခိုင်း မလုပ်တတ်ခဲ့ဘူး.. အစက မရှင်းတော့ဘူး.. ဒီတိုင်းပဲ ထားလိုက်တော့ မလို့ပါပဲ.. ဒါပေမဲ့ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ် တွေ မျက်နှာမငယ်စေဖို့အတွက် ရှင်းပြလိုက်ပါတယ်။ KTV ကလို့ပြောရအောင် ရှေ့မှာ ထောင်ထားတဲ့ စာရွက်လေးကို မမြင်ရလို့လား မမြင်ဖူးလို့ ပြောသလားမသိဘူး နော်.. အဲဒါ ကမ္ဘာအေးဘုရား လမ်းပေါ်က Micasa Hotel က Tapas Bistro ဆိုတဲ့ Dining Room ထဲမှာပါ။ (အဲဒီလိုနေရာကို ရောက်ဖူးတဲ့သူ သိပါတယ်။

ကျွန် တော်က ဟိုးအရင်က အဲဒီနေရာ မှာ Unplugged ဖျော်ဖြေခဲ့တာ ပါ။ (Unplugged ဆိုတယ်ဆိုတာ လည်း မသိရင် သေချာလေ့လာကြပါဦးနော်။ ကိုယ်သွားနေကျ ပန်းကုံးလေးတစ်ကုံးစွပ်ပြီး နှာထလို့ရတဲ့ နေရာမဟုတ်ဘူးဆိုတာ တော့ သိစေချင်တယ်).. Hotel ဖြစ်တဲ့အတွက် ဖော်ရိန်နာတွေနဲ့ ခင်မင်ခဲ့ပါတယ်။ ခင်မင်တဲ့အတွက် စကားပြောကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ ဒီလိုပုံလေးတစ်ပုံတွေ့တာနဲ့ ကြေးစားမအဆင့် သတ်မှတ်လိုက်တဲ့ ပို့စ်ပိုင်ရှင်တွေ ရဲ့ ဦးနှောက်ကိုတော့ လေးစားမိတာအမှန်ပဲ.. ကိုယ့်လိပ်ပြာ ကိုယ် လုံပါတယ်။ တိုက်ခိုက်တဲ့သူတွေ လည်း ကျန်းမာချမ်းသာပါစေလို့ သာ ဆုတောင်းရင်း ဂီတနဲ့ ငြိမ်း ချမ်းပါစေ’’

ပိုးမီဟာ Myanmar Idol ပြိုင်ပွဲတွင် ဆန်ခါတင် သုံးဦးအဆင့်ထိ ပါဝင်ခဲ့ပြီး သူမရဲ့အသံပါဝါအားကောင်းမှုကြောင့်ပရိသတ်တွေရဲ့အားပေးမှုကိုခံရသူတစ်ဦးလည်းဖြစ်ပါတယ်။ အခုတော့ သူမဟာ နောက်ဆုံးအဆင့်မတိုင်မီ ဆန်ကာတင် ၂ ဦးရွေးချယ်တဲ့အဆင့်မှာ Voting အနည်းဆုံးနဲ့ပြုတ်သွားပြီး ဇာတိဖြစ်တဲ့ ပုတီးကုန်းကိုပြန်သွားပြီဖြစ်ပါတယ်။

ပိုးမီကတော့ ကိူယ့်လိပ်ပြာကိူယ်လုံပါတယ်တဲ့  

Source: Poe Mi Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။