FA ဖလား၊ ပဉ္စမအဆင့် ပွဲစဉ်များအတွက် မဲခွဲမှုများကို မနေ့က ပြုလုပ်ခဲ့ရာ ချယ်လ်ဆီးအသင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းအား စတန်းဖို့်ဒ် ဘရစ်ချ်ကွင်းတွင် ဧည့်ခံရမှာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာလည်းFAဖလားကိုခုနောက်ပိုင်းနှစ်တွေမှာအမြဲလိုလိုဆွတ်ခူးနိုင်တာဖြစ်ပါတယ်။မန်ယူအသင်းကလည်းFAဖလားရဲ့အအောင်မြင်ဆုံးအသင်းဖြစ်ပါတယ်။

FAဖလားပြိုင်ပွဲပဉ္စမအဆင့် ပွဲစဉ်များကိုတော့ February လ (၁၅) ရက်နေ့မှ (၁၈) ရက်နေ့အတွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီနှစ်သင်းတွေ့ဆုံမှုတိုင်းလည်းအကြိတ်အနယ်နဲ့ပွဲကောင်းဖြစ်ခဲ့တာကြောင့်ပရိသတ်တွေစိတ်ဝင်စားဆုံးပွဲတစ်ပွဲဖြစ်လာမှာပါ.နောက်ပိုင်းတွေ့ဆုံမှုတွေမှာချယ်လ်ဆီးအသင်းကပဲအသာရထားတာဖြစ်ပါတယ်။

မန်ယူအသင်းကလည်းမော်ရင်ဟိုကိုထုတ်ပယ်ပြီးဆိုးရှားလ်ကိုခန့်အပ်ပြီးနောက်ခြေစွမ်းပြဂိုးတွေနဲ့တူတူခုချိန်ထိရှုံးပွဲမရှိဖြစ်နေတာပါ။ချယ်လ်ဆီးအသင်းကလည်းတိုက်စစ်ကစားသမားတွေကိုအပြောင်းလဲလုပ်ထားတာကြောင့်ဒီနှစ်သင်းတွေ့ဆုံမှုကတော့စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။မန်ယူအသင်းကလည်းချန်ပီယံလိဂ်တွေနဲ့ပွဲကျပ်ကာလမှာချယ်လ်ဆီးကိုဘယ်လိုယှဉ်ပြိုင်မလဲဆိုတာကတော့စိတ်ဝင်စားစရာနဲ့စောင့်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။

SOURCE:Chelsea Football Club

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။