ညဘက်အိပ်ယာဝင်တဲ့ အခါ ဟောက်တတ်တဲ့ သူတစ်ယောက်နဲ့ ဘယ်သူမှ မအိပ်ချင်ကြပါဘူး။ သင့်က ဟောက်တတ်တဲ့ သူတစ်ယောက်ဆိုရင် သင့်ရဲ့ ဟောက်သံကြောင့် ဘေးနားမှာရှိတဲ့ သူတွေကို အိပ်မရအောင် အနှောက်အယှက်ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် အိမ်ထောင်ရှင်တွေအတွက်တော့ တကယ့်ကို စိတ်ပျက်စေနိုင်တဲ့ အရာတစ်ခုပါဆိုပြီး ဆရာဝန်တစ်ဦးကလည်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့် သင့်ရဲ့ လက်တွဲဖော်က စိတ်ပျက်မသွားအောင် ဟောက်သံကို မဖြစ်ပေါ်အောင် ထိန်းချုပ်နိုင်မယ့် အလွယ်ဆုံးနည်းလမ်း (၇)ချက်ကို ပြောပြပေးသွားမှာပါ။

(၁) အိပ်တဲ့ ပုံစံပြောင်းကြည့်ပါ။

များသောအားဖြင့် ဟောက်တတ်တဲ့ သူတွေဟာ ပလက်အနေအထားအိပ်တတ်ကြ တာကိုတွေ့ရှိရပါတယ်။ ပလက်အိပ်တဲ့ အခါ လည်ပင်း နောက်ကျောကို ဖိထားတာကြောင့် ဟောက်သံကို ပိုပြီးဖြစ်ပွားစေနိုင်ပါတယ်။ ဒါကြောင့် ဘေးတစောင်းအနေအထားကို ပြောင်းပြီး အိပ်ကြည့်လိုက်ပါ။ ဟောက်သံမထွက်တော့တာကို မြင်တွေ့ရပါလိမ့်မယ်။

(၂) ကိုယ်အလေးချိန်လျော့ချပါ။

ဒီတစ်ချက်ကတော့ လူတိုင်းကို မဆိုလိုပါဘူး။ အဝလွန်တဲ့ အခါ လည်ပင်းက အဆီတွေကြောင့် ဟောက်သံကို ပိုမိုကျယ်လောင်စွာဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါကြောင့် အရမ်းဝတဲ့ သူတွေဆိုရင်တော့ ဝိတ်ချကြည့်သင့်ပါတယ်။


(၃) အရက်မသောက်ပါနဲ့။

အရက်သောက်တတ်တဲ့ သူတွေက လေ့လာတွေ့ရှိချက်တွေအရအိပ်တဲ့ အခါပိုပြီးတော့ ဟောက်တတ်ကြပါတယ်။ ဒါကြောင့် အရက်သောက်တာကိုလည်း အထူးဆင်ခြင်သင့်ပါတယ်။

(၄) အိပ်ချိန်မမှန်တာ

အိပ်ချိန်မမှန်ခြင်းနဲ့ အိပ်ရေးမဝခြင်းကလည်း ညအိပ်တဲ့ အခါမှာ ဟောက်သံကို ဖြစ်ပွားစေနိုင်ပါတယ်။ အပင်ပန်းလွန်ပြီး အိပ်ရေးမဝတဲ့ အခါ ကြွက်သားတွေက လုှပ်ရှားမှုက ပိုပြီးပြင်းထန်လာတာကြောင့် ဟောက်သံကို ဖြစ်ပေါ်လာစေပါတယ်။

(၅) နှာခေါင်းပေါက်ကို ဖွင့်ထားပါ

တစ်ချို့တွေက ဟောက်သံထွက်လာတဲ့အခါ နှာခေါင်းကို ပိတ်ပြီး အိပ်တတ်ကြပါတယ်။ ဟောက်သံဆိုတာ သင့်ရဲ့ နှာခေါင်းပေါက်ကနေ စတင်ပြီး ဖြစ်တည်လာတာကြောင့် အသက်ရူလမ်းကြောင်းကို မပိတ်ထားသင့်ပါဘူး။

(၆) ခေါင်းအုံးကို ပြောင်းလိုက်ပါ

လေ့လာတွေ့ရှိမှုတွေအရ သင့်ရဲ့ ခေါင်းအုံး အိပ်ယာခင်းတွေကြောင်လည်း ဟောက်သံကိုဖြစ်ပေါ်လာစေပါတယ်။ ဒါကြောင့် ခေါင်းအုံး နဲ့ အိပ်ယာတွေကို ပြောင်းပြီးတော့ အိပ်ကြည့်လိုက်ပါ။

(၇) ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပါ

ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း ဟောက်သံကို ဖြစ်ပွားစေနိုင်တာကြောင့် ရေဓာတ်မခမ်းခြောက်အောင် အမျိုးသမီးတွေအတွက် တစ်နေ့ကို ရေ ၁၁ ဖန်ခွက်သောက်သင့်ပြီး ယောကျာ်းလေးတွေဆိုရင်တော့ တစ်နေ့ကို ရေ ၁၆ ခွက်အနည်းဆုံးသောက်သုံးပေးသင့်ပါတယ်။

ကဲ... သင်က ဟောက်တတ်တဲ့ သူဆိုရင်တော့ အလွယ်ကူဆုံးနဲ့ ဟောက်သံထွက်ပေါ်ခြင်းကို ထိန်းချုပ်နိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။

Source:webmd.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။