အောင်မြင်မှုတွေနဲ့ဝေးကွာနေတဲ့မြန်မာအသင်းအတွက်ရေရှည်စီမံကိန်းတွေနဲ့ပြုလုပ်ထားတဲ့မြန်မာဘောလုံးလောကအတွက်ပြင်ဆင်မှုတွေကကောင်းခြင်းတွေလားဆိုတာမကြာခင်ပရိသတ်တွေတွေ့ရတော့မှာဖြစ်ပါတယ်။ပြီးခဲ့တဲ့လပိုင်းကလည်းမြန်မာဘောလုံးလောကရဲ့အကြီးမားဆုံးပြောင်းလဲမှုတွေကိုပရိသတ်တွေမြင်တွေ့ခဲ့ကြရပါပြီ။

စင်ကာပူဆီးဂိမ်းနဲ့ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲတွေမှာဒုတိယရရှိအောင်စွမ်းဆောင်ပေးနိုင်တဲ့နည်းပြဦးကြည်လွင်ကိုထုတ်ပြီးနိုင်ငံခြားသားနည်းပြတစ်ဦးခန့်အပ်ခဲ့ပါတယ်။အဆိုပါပြောင်းလဲမှုတွေကြောင့်ပရိသတ်တွေကြားမှာဝေဖန်မှုတွေနဲ့ကြုံခဲ့ရပေမယ့်ခုမှာတော့ပြောင်းလဲမှုတွေကိုမကြာခင်ပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။

မြန်မာယူ၂၂အသင်းဟာလာမယ့်ဖေဖော်ဝါရီလမှာတော့အာစီယံယူ၂၂ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီးပြောင်းလဲမှုတွေနဲ့ခြေစွမ်းတွေကိုပရိသတ်တွေမြင်တွေ့ရတော့မှာဖြစ်ပါတယ်။ခုမှာတော့ယူ၂၂အသင်းရဲ့ပဏာမကစားသမားစာရင်းကိုထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဒီကစားသမားတွေကတော့ပြီးခဲ့တဲ့ဗီယက်နမ်ဖိတ်ခေါ်ဖလားပြိုင်ပွဲဝင်ကစားသမားတွေနဲ့မြန်မာနေရှင်နယ်လိဒ်မှာခြေစွမ်းပြနေတဲ့ကစားသမားတွေပါဝင်ခဲ့တာဖြစ်ပါတယ်။ပြောင်းလဲမှုတွေနဲ့မြန်မာယူ၂၂အသင်းခုလာမယ့်အာစီယံယူ၂၂ပြိုင်ပွဲမှာလည်းအောင်မြင်မှုယူနိုင်မလားဆိုတာစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရအောင်နော်။

SOURCE:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။