အီရှာဘီဘီ ဆိုတဲ့ ခရစ်ယာန်အမျိုးသမီးတစ်ဦးကတော့ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက အစ္စလာမ်ဘာသာကို စော်ကားမှုနဲ့ သေဒဏ်ချမှတ်ခံရသူပဲဖြစ်ပါတယ်။

သူမဟာ မွတ်စလင် မဟုတ်တဲ့အတွက် အိမ်နီးချင်းတွေက သူတို့ဖန်ခွက်နဲ့ ရေမတိုက်တဲ့အပေါ် သူက အစ္စလာမ်ဘာသာကို ပုတ်ခတ်ပြောခဲ့တဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ 

သို့ပေမယ့် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်အောက်တိုဘာလမှာတော့ သူမကို တရားရုံးက တရားသေပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။

အဲ့အချိန်ကစလို့ သူမနေထိုင်ရာ ပါကစ္စတန်နိုင်ငံထဲမှာ ဘာသာရေး သဘောထား တင်းမာသူတွေက ဆန္ဒပြပွဲတွေ ပြုလုပ်ပြီး အီရှာကို နိုင်ငံကနေ ထွက်ခွာခွင့်မပြုရေး အစိုးရကို တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။ 

လတ်တလောအချိန်အတွင်းမှာဆိုရင်လည်း အီရှာဟာ ပုန်းအောင်းနေရသလို သူမကိုတရားသေလွှတ်ပေးလိုက်တဲ့အတွက် အစ္စလာမ်ဘာသာဝင်တွေဟာ တရးရုံးကို အသနားခံလွှာတင်သွင်းခဲ့ပေမယ့် တရားရုံးက ပယ်ချခဲ့တယ်လို့သိရပါတယ်။ 

source  _ DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။