အွန်လိုင်း မီဒီယာ ပေါ်မှာ မိန်းကလေးတွေ အများကြီး ဝန်းရံ ပြီး အချိန်ဖြုန်းနေတဲ့ အမေရိနက် အမျိုးသား Dan Bilzerian ကိုတော့ ယောကျာ်းတိုင်း အားကျမိကြမှာပါ။ လေယာဉ်၊ အပျော်စီးသင်္ဘော၊ အိမ်အကြီးကြီး နဲ့ တန်ဖိုးကြီး ကားတွေပေါ်မှာ လှပေ့ဆိုတဲ့ မိန်းမလှလေးတွေ အနည်းဆုံး (၁၀) ယောက် လောက်ကို ခေါ်ပြီး ပါတီပေးနိုင်၊ ကျွေးနိုင်သူ မို့ သူ့ရဲ့ ချမ်းသားမှု ကတော့ အံမခန်းလို့ ဆိုရမှာပါနော်။" Money Make Every things " ဆိုသလိုပဲ သူ့ဘေးမှာ ဝန်းရံနေတဲ့ မိန်းမလှလေးတွေကတော့ သူ့ရဲ့ ချမ်းသာမှု ကြောင့် ဆိုတာ ပရိသတ်များ ရိပ်စားမိမယ် ထင်ပါတယ်။

လက်ရှိမှာတော့ အသက်(၃၇) နှစ် ရှိပြီဖြစ်တဲ့ Dan Brandon Bilzerian ဟာ 2018 ခုနှစ်၊ အေပရယ်လ စစ်တမ်းကောက်ယူမှု အရ အမေရိကန်ဒေါ်လာ( US$110 million) သန်း ချမ်းသာတယ်လို့ ဖော်ပြထားပြီး ဖော်ပြချက်အရ ပိုလည်း များနေနိုင်ပါတယ်။ တစ်ဖက်မှာ လောင်းကစားသမားကြီးတစ်ယောက် လို ဆိုကြသလို သူ့ဘဝရဲ့ အချိန်တွေတော်တော်များများကို လူ့စည်းစိမ်အပြည့်နဲ့ ခုလိုပဲ ဖြတ်သန်းဖို့ ဆုံးဖြတ်ထားသူတစ်ယောက်ဖြစ်ပါတယ်။

သူ့ရဲ့ အသက်(၃၂) နှစ် မှာ နှလုံးလျှော့ခ်ဖြစ်ခြင်း ကို (၃) ကြိမ် တိတိ ခံစားရခဲ့ပြီး ရေတပ်သားဟောင်းတစ်ဦးလည်းဖြစ်ပါတယ်။ သူရဲ့ မိသားစုတွေကတော့ အာမေဒနီယံ လူမျိုး တုံး သတ်ဖြတ်ရေး အကြမ်းဖက်မှု မှာ အသတ်ခံခဲ့ရကာ သူ့မှာ Adam Bilzerian နဲ့Nelson Bilzerian ဆိုတဲ့ ညီအကို နှစ်ယောက် ကျန်ရှိပါသေးတယ်။ အွန်လိုင်းမီဒီယာ ထက်မှာ သူ့ရဲ့ lavish lifestyle ကို လူသတိထားမိပြီး ဆယ်လီတစ်ယောက် ဖြစ်လာသူ Dan Bilzerian ဟာ လက်ရှိမှာ မက်ဆီကိုနိုင်ငံက ကမ်းခြေတစ်ခုဖြစ်တဲ့ Tulum ကမ်းခြေမှာ အလှပဂေးမော်ဒယ်လ်မလေး တစ်စုနဲ့ ကမ်းခြေမှာ အပန်းဖြေ ပျော်ပါးဖို့ ရောက်ရှိနေပြီး သူ့ရဲ့ ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာအချိုးအစားနဲ့ အတူ အပြတ်ကဲနေတာကို မြင်တွေ့ရမှာပါ။

source: Dan Bilzerian wikipedia / http://www.justjaredjr.com ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။