#10 Emma Watson

Emma Watson ဟာ April 15 ,1990 ခုနှစ် ပြင်သစ်နိုင်ငံ Paris မြို့မှာမွေးဖွားခဲ့ပြီး ယခုဆိုရင်တော့ အသက်(၂၈)နှစ် ရှိပါပြီ။ Harry potter ဇာတ်ကားထဲက ဇာတ်ကောင် မင်းသမီးလေးကို ရင်းနှီကြမယ်ထင်ပါတယ်။ ဒီ Harry potter ဇာတ်လမ်းကပဲ သူမ ဟောလီဝုဒ်အနုပညာ ကြယ်ပွင့် တစ်ပွင့် အဖြစ် မြင့်တင့်ပေးခဲ့တာဖြစ်ပါတယ်။  

#9 Gal Gadot

မင်းသမီး Gal Gadot ဟာ အစ္စရေးနိုင်ငံသူဖြစ်ပြီး April 30, 1985 ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Gal Gadotဟာ အသစ်ပြန်ထပ်ရိုက်ကူးထားတဲ့Wonder Womenဇာတ်ကောင်နေရာကနေ လူသိများလာတာဖြစ်ပါတယ်။

#8 Priyanka Chopra

အိန္ဒိယနွယ်ဖွား Priyanka Chopraဟာ Miss World 2000 Winner ဆုရှင်ဖြစ်ပြီး ကျော်ကြားတဲ့ အိန္ဒိယရုပ်ရှင်မင်းသမီး လည်းဖြစ်ပါတယ်။သူမဟာ Time Magazine ရဲ့ ဩဇာအရွိဆုံးလူ အယောက်(100)စာရင်းမှာလည်း ပါဝင်ခဲ့သူဖြစ်ပါတယ်။ Priyanka ကတော့ လွန်ခဲ့တဲ့ ဒီဇင်ဘာလ လောက်ကမှ သူမထက် (၁၁) နှစ်ငယ်တဲ့ သူမရဲ့ ချစ်သူ အဆိုတော် Nick Jonus နဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။  

#7 Beyounce Knowles

Beyounceဟာ အမေရိကန် နိုင်ငံသူ နာမည်ကြီး pop အဆိုတော်လည်းဖြစ်သလို ရုပ်ရှင်မင်းသမီးလည်းဖြစ်ပါတယ်။ သူမဟာ ဂီတပိုင်းမှာ ဆုပေါင်း 22 ဆု ၊နဲ့ Grammy ဆုတွေ ဆွတ်ခူးရရှိခဲ့ပြီး Grammy မှတ်တမ်းမှာ အများဆုံး ဆုယူသူစာရင်းမှာလည်းပါဝင်ခဲ့ပါတယ်။သူမရဲ့ အကအရညအချင်းနဲ့ အဆိုပညာကို ဘယ်သူယှဉ်လို့မရသလို သူမဟာ ကမ္ဘာ့တန်ဖိုးကြီးအရာတစ်ခုလိုပါပဲ။ သူမဟာ သားသမီး(၃)ယောက်ရဲ့ မိခင်တစ်ယောက်ဖြစ်ပေမဲ့လည်း ယနေ့တိုင် အလှမပျက်ပဲ အလှဆုံးမင်းသမီးစာရင်းမှာ ပါဝင်နေပါတယ်။  

#6 Aishwarya Rai Bachchan

အိန္ဒိယနွယ်ဖွား မင်းသမီး Aishwarya Rai Bachchan ဟာ ဘောလီဝုဒ်မှာ သာမက ဟော်လီဝုဒ် ထိ နာမည်ကြီးတဲ့ အလှဆုံးမင်းသမီး တစ်ဦးဖြစ်ပါတယ်။ကမ္ဘာ့ အလှဆုံး အမျိုးသမီးစာရင်းတွေမှာလည်း အမြဲလိုလိုပါဝင်လေ့ရှိပြီး Miss World 1994 ဆုကို ရရှိခဲ့ဖူးသူဖြစ်ပါတယ်။လက်ရှိမှာတော့ သူမမှာ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်ပါတယ်။ 

#5 Lisa Haydon

Lisa Haydon ဟာ Aisha ဆိုတဲ့ ဘောလီဝုဒ် ရုပ်ရှင်ဇာတ်ကားမှာ စတင်နာမည်ကျော်ကြားခဲ့ပြီး သူမရဲ့ သရုပ်ဆောင်ချက်တွေက အနုပညာဘုရင်မတစ်ယောက်လို တင်စားခံခဲ့ရတာဖြစ်ပါတယ်။ သူမဟာ မော်ဒယ်လ် တစ်ယောက်အနေနဲ့ပါ အရည်အချင်းရှိ စတိုင်လ်ကျသူတစ်ဦးပါ။

#4 Angelina Jolie

Angelina Jolieကတော့ အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား မှာ မွေးဖွားခဲ့ပြီး ဟောလီဝုဒ်မင်းသမီးသာမက UN အဖွဲ့စည်းရဲ့ သံအမတ်လည်းဖြစ်ပါတယ်။သူမဟာ Oscar ၁ ဆုနဲ့ Screen Actors Guild Awards ၂ ဆု ၊ Golden Globe Awards ၃ ဆု ကဲ့သို့သော အခြားသောဆုတွေကို ဆွတ်ခူးရရှိခဲ့ပါတယ်။ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံးမင်းသမီးတွေထဲမှာ Angelina ဟာလည်း အပါအဝင်ဖြစ်ပါတယ်။

#3 Blake Lively

မင်းသမီး Blake Lively ကယ်လီဖိုးနီယားသူလေး ဖြစ်ပြီး Gossip Girl ဆိုတဲ့ TV seriesမှာ စတင် လူသိများပါတယ်။နောက်ပိုင်းမှာ Sisterhood of the Traveling Pants, Green Lantern, The Age of Adeline နဲ့ The Shallows စသဖြင့် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးခဲ့ပြီး Teen Choice Award ဆု ရရှိခဲ့ပါပြီး မင်းသား Ryan Reynolds နဲ့ လက်ထပ်ခဲ့ပါတယ်။

#2 Scarlett Johansson

Scarlett Johanssonဟာ New York မြို့မှာ မွေးဖွားခဲ့ပြီး မော်လ်ဒယ် ၊ အဆိုတော်နဲ့ မင်းသမီးဖြစ်ပါတယ်။ သူမဟာ ကလေးဘဝထဲက သရုပ်ဆောင်ဘဝကနေ စတင်လာတာဖြစ်ပါတယ်။သူမဟာ ‘Lost in Translation’ ရုပ်ရှင်ဟာ အရမ်းကို အောင်မြင်ခဲ့ပြီး the BAFTA ဆုရရှိခဲ့ပါတယ်။

#1 Deepika Padukone

မင်းသမီး Deepika Padukoneဟာ ဒိန်းမတ်နိုင်ငံမှာ မွေးဖွားခဲ့ပီး ကမ္ဘာ့အနုပညာကြေးအမြင့်ဆုံး မင်းသမီးတွေထဲက တစ်ဦးဖြစ်ပါတယ်။ သူမဟာ ကမ္ဘာ့အလှဆုံးမင်းသမီးများ နေရာမှာ No(1)အနေနဲ့ ရပ်တည်လျက်ရှိပြီး Filmfare Awards ကဲ့သို့သော ဆု ၃ ဆုအပြင် အခြားဆုတွေအများကြီး ရရှိခဲ့ပါတယ်။

Source: stylecraze.com;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။