စပိန်လာလီဂါကလပ် အက်စ်ပန်ညိုအသင်းဟာ အာရှဖလားပြိုင်ပွဲမှာ တရုတ်အသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ ဝူလိုင်ကို ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ဝူလိုင်အနေနဲ့လည်း လာလီဂါမှာ ဒုတိယမြောက်ကစားခွင့် ရရှိတော့မယ့် တရုတ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ ဝူလိုင်ကို ခေါ်ယူဖို့အတွက် အက်စ်ပန်ညိုအသင်းကအာရှဖလားမပြီးခင်တည်းကခေါ်ယူချင်နေတာဖြစ်ပါတယ်။

ဒါကြောင့်လည်း အာရှဖလားပြိုင်ပွဲကနေ တရုတ်အသင်း ထွက်ခွာခဲ့ရအပြီးမှ ဝူလိုင်ကို ပေါင် ၃.၁၅သန်းနဲ့ ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။ အက်စ်ပန်ညိုအသင်းရဲ့ တွစ်တာအကောင့်ကနေ တရားဝင်ကြေညာမှုပြုလုပ်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ တရုတ်တိုက်စစ်မှူး ဝူလိုင်ဟာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းအတွက် ပွဲပေါင်း (၂၀၀)ကျော် ကစားပေးခဲ့သူဖြစ်ပြီး စုစုပေါင်းသွင်းဂိုး (၁၂၀)အထိ သွင်းယူနိုင်ခဲ့ကာ (၆၆)ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့သူဖြစ်ပါတယ်။

အာရှဖလားပွဲမှာလည်း တရုတ်အသင်းအတွက် (၅)ပွဲ ပါဝင်ကစားပေးခဲ့ပြီး (၂) ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ တရုတ်အသင်းကတော့ ကွာတားဖိုင်နယ်ထိ တက်ရောက်နိုင်ခဲ့ပြီး အီရန်ကို ၃-၀ နဲ့ အရေးနိမ့်ကာ ထွက်ခွာခဲ့ရပါတယ်။ ဘယ်တောင်ပံကစားသမားအဖြစ်လည်း ကစားနိုင်တဲ့ ဝူလိုင်ဟာ ရှေ့တန်းမှာ နေရာ (၃)နေရာအထိ ကစားနိုင်သူဖြစ်ပြီး အက်စ်ပန်ညိုအတွက်တော့ တိုက်စစ်ပိုင်းမှာ ရွေးချယ်စရာများပြားလာမှာ ဖြစ်ပါတယ်။ လာလီဂါမှာ သူ ဘယ်လောက်ထိ ခြေစွမ်းပြနိုင်မလဲဆိုတာကိုပရိသတ်တွေစိတ်ဝင်စားစွာနဲ့စောင့်ကြည့်ရနေတော့မှာဖြစ်ပါတယ်။

SOURCE:AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။