နေ့စဉ်ဖြစ်ပျက်နေတဲ့ လူသတ်မှု၊ အဓမ္မကျင့်မှုတွေထဲမှာ အများဆုံးသားကောင်တွေအဖြစ်ပါဝင်နေတာကတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်လေးတွေပဲဖြစ်ပါတယ်။ အရွယ်မရောက်မီ ဘဝပျက်ခဲ့ရသူတွေနဲ့အတူ သေဆုံးခဲ့ရသူတွေကတော့ မရေမတွက်နိုင်အောင်များစွာရှိနေပြီး ပြည်တွင်းနေရာအနှံ့အပြားမှာလည်း နေ့စဉ်ကြုံတွေ့နေကြတာတွေ့ရပါတယ်။ အဆိုပါ အသက်မပြည့်ကလေးငယ်တွေရဲ့ အဓမ္မကျင့်သတ်ဖြတ်ခဲ့ရမှုတစ်ခုကတော့ မနေ့ကဖြစ်ပွားခဲ့တာတွေ့ရပါတယ်။  

ဇန်နဝါရီလ ၃၀ ရက်နေ့ မနေ့က ညနေပိုင်းမှာတော့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ပျောက်ဆုံးနေသည့် အသက်ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ ရုပ်အလောင်းကို ဝမ်းနည်းစရာ ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရပါတယ်။ ဇန်နဝါရီလ ၂၉ ရက်က ပျောက်ဆုံးသွားသော အဆိုပါမိန်းကလေးကတော့ ဦးခေါင်းပေါက်ဒဏ်ရာနှင့်အတူ အမျိုးသမီးလိင်အင်္ဂါတွင် ဒဏ်ရာများဖြင့်သေဆုံးခဲ့တာဖြစ်ကြောင်း ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ စခန်းတာဝန်ခံ ဦးထင်လင်းအောင်က ပြောကြားခဲ့ပါတယ်။ 

ရုပ်အလောင်းကို ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၃) လမ်းမရှိ ၁၂ လမ်းမှတ်တိုင်နှင့် ကျောင်းရှေ့မှတ်တိုင်အကြား ရေမြောင်းထဲတွင် မြက်ပင်များဖြင့် ဖုံးအုပ်ထားသည်ကို ရှာဖွေတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ “မုဒိမ်းကျင့်အသတ်ခံထားတာတွေ့ပါတယ်။ အလောင်းကို ကျောင်းသားတစ်ယောက် ကျောင်းပြန်ရင်း စတွေ့တာ။ ကျောင်းသားလေးက ဘေးပတ်ဝန်းကျင်ကို ပြောလိုက်လို့ ဘေးပတ်ဝန်းကျင်က ကျွန်တော်တို့ကို ဖုန်းဆက်တာနဲ့ သွားရှာတာပါ” ဟု ဦးထင်လင်းအောင်က ပြောပြခဲ့ပါတယ်။ လက်ရှိတွင် ယင်းအလောင်းကို မင်္ဂလာဒုံမြို့မရဲစခန်းက စစ်ဆေးနေပြီးရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု) ၃၇၆ (မုဒိမ်းမှု) ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း ၎င်းကပြောပြခဲ့ပါတယ်။ အလောင်းရှာဖွေတွေ့ရှိစဉ်ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေနှင့်အတူ ချစ်ပရိသတ်တွေလည်း ကိုယ့်သားသမီးများကို လုံလုံခြုံခြုံထားရှိနိုင်စေဖို့ သတိပေးမျှဝေပေးလိုက်ပါတယ်။

videos - Htin Lin Aung

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။