မြန်မာပြည်သိန်းတန်ရဲ့ ဇနီးကတော့ Myanmar Idol မှာ Winner လို့သတ်မှတ်ထားတဲ့သူကိုထုတ်ဖော်ပြောပြသွားပါတယ် ။

ပရိတ်သတ်စိတ်အဝင်စားဆုံးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Myanmar Idol မှာ မြန်မာပြည်သိန်းတန်ကလဲထင်ရှားကျော်ကြားတဲ့ဒိုင်တစ်ဦးဖြစ်နေတာပါ ။

ဖက်ရှင်တွေကိုတစ်နေ့တစ်မျိုးမရိုးအောင်ဝတ်ဆင်ဖို့ ကူညီပေးတဲ့သူကတော့ သူ့ချစ်ဇနီးဒေါက်တာနုနန္ဒာသန်းပဲဖြစ်ပါတယ် ။

သိန်းထောင်ကျော်ဖိုးကုန်ကျခံပြီး ဝတ်စုံ ၃၀ စီစဉ်ပေးထားခဲ့တယ်ဆိုတဲ့အတွက် မြန်မာပြည်သိန်းတန်ရတဲ့ အနုပညာကြေးကတော့

တော်တော်မြင့်မားမယ်လို့သုံးသပ်ရပါတယ် ။ ဦးသိန်းတန်ကို ဒီပြိုင်ပွဲနဲ့ ပါတ်သတ်ပြီး ဝေဖန်တိုက်ခိုက်သူများလဲရှိခဲ့တာမို့

သူ့ဇနီးရဲ့ သဘောထားကိုမေးမြန်းရာမှာတော့ လူတိုင်းမှာဝေဖန်နိုင်တဲ့အခွင့်အရေးရှိပါတယ် ... အဲလိုဝေဖန်တာကိုကျွန်မတို့ကဘယ်လိုမှ

သဘောမထားပါဘူး ။ ကိုယ်လုပ်စရာရှိတာကိုပဲဆက်လုပ်ပါတယ် ။ ပန်းနဲ့ပေါက်တယ်တောင်မထင်ပါဘူးတဲ့ ။

Myanmar Idol ရဲ့ Winner ဘယ်သူဖြစ်နိုင်မလဲလို့မေးတဲ့အခါ " ပရိတ်သတ်တစ်ယောက်အနေနဲ့ Vote ပေးရမယ်ဆိုရင်တော့

သားငယ်ပါပဲ ။ အနီးကပ်နားထောင်ရတာမို့ အားလုံးထဲသူ့အသံအကောင်းဆုံးဆိုတာကိုသိပါတယ် ။ ပင်ကိုသံကိုက ဂရုဏာသံပါနေပြီ

အသံလုံးလဲကြီးတာမို့ ပါရမီရှင်လို့တောင်ပြောလို့ရပါတယ်တဲ့ ။ ကဲသားငယ်ပရိတ်သတ်တို့ရေ ... အန်တီကလဲ မင်းတို့ဘက်မှာပါပဲတဲ့နော် ...

Source : free4reader

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။