မြန်မာ့လက်ရွေးစင်အသင်းနဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့မှာခြေစွမ်းပြဂိုးတွေသွင်းယူနေတဲ့လူငယ်ကစားသမားမောင်မောင်လွင်ကတော့အနာဂတ်ရဲ့ကြယ်တစ်ပွင့်ပဲဖြစ်ပါတယ်။လက်ရွေးစင်အသင်းမှာလည်းအရေးပါတဲ့သွင်းဂိုးတွေသွင်းပေးနိုင်သူဖြစ်ပါတယ်။အာရှထိပ်သီးအသင်းတွေကိုဂိုးတွေသွင်းယူနိုင်တာကြောင့်အာရှထိပ်သီးကလပ်တွေရဲ့စောင့်ကြည့်ခြင်းကိုခံရတာဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီအစမှာလည်းထိုင်းထိပ်သီးကလပ်တွေကခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့်ရန်ကုန်အသင်းမှာပဲရှိနေခဲ့တာဖြစ်ပါတယ်။မနှစ်ကဖလား၃လုံးဆွတ်ခူးနိုင်တဲ့ရန်ကုန်ယူနိုက်တက်အသင်းမှာလည်းခြေစွမ်းပြနိုင်တာကြောင့်အသင်းရဲ့အဓိကကစားသမားဖြစ်နေရတာပါ။ဒီနှစ်မှာလည်းရန်ကုန်ယူနိုက်တက်အသင်းကပြည်ပပြိုင်ပွဲတွေကစားရမှာဖြစ်တာကြောင့်မောင်မောင်လွင်ရဲ့ခြေစွမ်းတွေကိုတွေ့ရတော့မှာဖြစ်ပါတယ်။

ဘောလုံးပွဲတိုင်းမှာတော့အနိုင်ရှိသလိုအရှုံးဆိုတာလည်းရှိပါတယ်။မြန်မာ့လက်ရွေးစင်အသင်းဟာပရိသတ်တွေမျှော်လင့်ထားသလိုအောင်မြင်မှုတွေမယူပေးနိုင်တာကြောင့်ပရိသတ်တွေရဲ့ဝေဖန်မှုတွကိုအများဆုံးခံရပါတယ်။ခုမှာတော့မြန်မာ့လက်ရွေးစင်လူငယ်တိုက်စစ်မှူးမောင်မောင်လွင်ကတော့"ဘောလုံး သမားတွေ ဆိုတာအသင်းအနိုင်မရတဲ့အခါခင်ဗျားတို့ပြစ်တင်ပြောဆိုနေကြတဲ့အချိန်*ကျွန်တော်တို့တွေ လူမမြင်တဲ့နေရာမှာကြိတ်ငိုခဲ့ရတဲ့သူတွေပါ"ဆိုပြီးလူမှုကွန်ရက်ကနေခံစားချက်လေးတွေကိုတင်ထားတာဖြစ်ပါတယ်။ပရိသတ်တွေလည်းသူ့ရဲ့ခံစားချက်လေးတွေကိုနားလည်ပြီးအားပေးစကားတွေပြောပေးကြပါဦးနော်။

SOURCE:Mg Mg Lwin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။