ဝါရင့်သရုပ်ဆောင်မင်းသမီးကောင်း တစ်ယောက် ဖြစ်သလို အဆိုတော် တစ်ယောက်လည်း ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုကတော့ ယနေ့မှာ ဆရာသမားသရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာမျိုးဆက်သစ်တွေကို ပြန်လည်မွေးထုတ်ပေးနေသူပါ။ ကိုခန့် ( ခန့်စည်သူ)၊ မခိုင်( ခိုင်သင်းကြည်) တို့နဲ့အတူ "ခသုံးလုံး "ရုပ်ရှင်ထုတ်လုပ်ရေးကို အတူတည်ထောင်ခဲ့ပြီး မျက်နာသစ်မျိုးသက်သစ် သရုပ်ဆောင်တွေကို ရွေးချယ်လို့ လက်ကမ်းကြိုခဲ့သူလည်း ဖြစ်ပါတယ်။

ကိုယ်တိုင်ကလည်း City FM မှ ဂီတ ဆု (၆) ဆုနဲ့ သရုပ်ဆောင် မင်းသမီး ဆု (၃) ဆုရရှိထားသူ ဖြစ်တာမို့ အနုပညာလောကရဲ့ ဂီတနဲ့ သရုပ်ဆောင် နယ်ပယ်နှစ်ခုလုံးမှာ ဆရာတစ်ဆူလို့ ဆိုရင်လည်း မမှားပါဘူး။ အသက် လေးဆယ် ကျော် မိခင်၊ အိမ်ထောင်သည်တစ်ယောက် အနေနဲ့ အရွယ်တစ်ခုကို ရောက်ရှိလာပေမဲ့လည်း ယနေ့တိုင် အရွယ်မကျပဲ လှပနေဆဲ ဖြစ်ပါတယ်။

နုတ်ခမ်းနီမလေးတွေ တစ်ချိန်ဝန်းရံရဦးမဲ့ လူပျိုပေါက်ဝင်စ သားချောလေးကို ပိုင်ဆိုင်ထားတဲ့ သားချောမိခင် ဖြစ်တဲ့ အလျောက် မခိုင်ကြီး ခများတနေ့တခြား မျက်နာပွင့်လာရပြန်ပါတယ်။ သားချောလေး အောင်ဗိုဆိုင်းရပ်ဟာ စင်ကာပူနိုင်ငံမှာပညာသင်ကြားနေတာဖြစ်ပြီး လက်ရှိမှာတော့ ကျောင်းပိတ်ရက်လေးမှာ မြန်မာနိုင်ငံ ပြန်ရောက်နေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ မခိုင်ဟာ သူမကိုယတိုင် သရုပ်ဆောင်ထားတဲ့ "တရုတ်မလေးကို ချစ်တယ်" ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကောဇောနီရှိူးပွဲကြီးကို တက်ရောက်ခဲ့ပြီး တရုတ်မလေးအဖြစ် တရုတ်ဝတ်စုံလေးနဲ့ ကျက်သရေရှိလှပနေတာကို မြင်တွေ့ရမှာပါ။

Source: Mi Mi khine; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။