"ပုဆိုးလေးနဲ့ အရမ်းပဲ မိုက်တယ်၊ ကိုကိုရယ်... ဆွဲမိတဲ့ နှလုံးသားလေးကို မြင်အောင် ကြည့်ပါ" ဆိုပြီး လက်ရှိမှာ အရမ်းကို ရေပန်းစားနေတဲ့ ဒီစုံတွဲသီချင်းလေးရဲ့ အဆိုပိုင်ရှင်တစ်ဦးဖြစ်သူ ရတနာမိုင်ကတော့ အနုပညာဂီတ လောကမှာ ယနေ့တိုင် စန်းမကျပဲ အောင်မြင်နေသူလေးပါ။ မြးကြွပြီး ခုန်ပေါက်ချင်စရာကောင်းလောက်အောင် ကလေးဆန်ဆန် ဟန်ပန်မူ ယာလေးတွေနဲ့ ကခုန်ပြီး Performance အကလေးတွေနဲ့ တင်ဆက်တတ်တဲ့ သူမကတော့ သြင်္ကန်သီချင်းခွေတိုင်းမှာ သူမ မပါရင် မပြီးသလို ပရိသတ်တွေရဲ့ တောင်းဆိုခြင်း ခံရသူ လေးပါ။

ရတနာမိုင်ရဲ့ နောက်ပိုင်း ထွက်ရှိလာတဲ့ သီချင်းAlbumလေးတွေမှာ ပါဝင်တဲ့ သီချင်းလေးတွေဟာ အရမ်းကို ခံစားလို့ ပိုကောင်းသလို အချစ်ကိုရင့်ကျက်စွာ ခံစားတတ်တဲ့ ပုံစံလေးတွေနဲ့အတူ သီချင်းငြိမ့်ငြိမ့်လေးတွေကို မြင်တွေ့ရမှာပါ။ သူမ မေမေရဲ့ သီချင်း အဟောင်းလေးတွေကို မကြာခဏ သီဆိုတတ်သလို အနုပညာဗီဇ ရှိတဲ့ အလျောက် သူမရဲ့ ဝါသနာ ဓာတ်ခံနဲ့ အတူ ကြိုးစားမှု တွေပေါင်းစပ်လို့ ယနေ့တိုင် အခိုင်အမာပရိသတ်တွေ ရရှိနေတယ်ဆိုတာလည်း မမှားပါဘူး။

ရတနာမိုင်တစ်ယောက် လတ်တလောမှာ ရခိုင်ပြည်နယ်၊ စစ်တွေမှာ အလှူပွဲလေးကို သွားရောက်ခဲ့ပြီး အလှူပွဲရဲ့ ရှေ့ဆုံးကနေ ပန်းကျဲလေးအဖြစ် ပါဝင်ပေးခဲ့ပါတယ်။ ပန်းရောင် ဝတ်စုံလေးနဲ့ အတူ အခြားသော အလှပဂေး ကွမ်းတော်ကိုင်၊ ပန်းတော်ကိုင်တွေနဲ့ အပြိုင် လှပနေတဲ့ရတနာမိုင်လေးကတော့ သူမပါဝင်ခဲ့တဲ့ အလှူပွဲလေးကို အမှတ်တရနေပြီး "သတိရတယ်ချစ်မမတို့ရေ။စစ်တွေမြို့တွင် မမခိုင်မြတ်ဝေ မိသားစု ရှင်ပြု အလှူ။ သာလီစွပါ" လို့ ဆိုကာ ပုံလေးတွေ ပြန်လည် မျှဝေထားပါတယ်။

source: Yadana Mine;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။