ပြည်တွင်းနေ့စဉ်ကြားသိနေရတဲ့ သတင်းတွေထဲမှာ လုယက်မှုနဲ့ ခိုးမှုတွေလည်း အတော်များများရှိနေခဲ့တာပဲဖြစ်ပါတယ်။ လမ်းမပေါ်မှာ လုယက်မှုတွေနဲ့အတူ အိမ်အတွင်းဝင်ရောက်ခိုးယူမှုတွေကလည်း နေ့စဉ်မပျက်ရှိနေပြီး ကျေးရွာ၊ မြို့နယ်နေပြည်သူတွေသာမက တိုင်းဒေသကြီးလွှတ်တော်တွေပါ ပါဝင်ခဲ့တာပဲဖြစ်ပါတယ်။  

ဇန်နဝါရီ ၃၀ ရက်နေ့ မနေ့ညကတော့ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌအိမ်ကို သူခိုးတစ်ယောက်ဝင်ရောက်ခဲ့ကြောင်း သိရပါတယ်။ 

အဆိုပါ သူခိုးကတော့အမျိုးသားတစ်ဦးဖြစ်ပြီး ဒီကနေ့ နံနက် ၂နာရီ ၃၀မိနစ်အချိန်ခန့်က ဝင်ရောက်ခိုးယူမှုပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။  

အိမ်ခြံအတွင်း တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေမှ အဆိုပါသူခိုးရဲ့ လှုပ်ရှားမှုတွေကို မှတ်တမ်းတင်နိုင်ခဲ့ပြီး အိမ်အတွင်းသို့ နေရာအနှံ့ကို ဝင်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ အဆိုပါ သူခိုးကားဖမ်းဆီးရန်ပြုလုပ်ခဲ့ပေမယ့်လည်း ဓားဖြင့်ပြန်လည်ခြောက်လှန့်ကာ ထွက်ပြေးခဲ့ကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါသူခိုးအားဖမ်းဆီးနိုင်ရန် တာဝန်ရှိသူများအား အကြောင်းကြားထားပြီးဖြစ်ပါတယ်။ ချစ်ပရိသတ်တွေလည်း အိမ်အတွင်း သတိပြုနေထိုင်နိုင်ရန် မနေ့ညက ဗီဒီယိုဖိုင်လေးတွေနဲ့အတူ မျှဝေပေးလိုက်ပါတယ်။

video - Khin Sandar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။