အာဖဂန်သမ္မတ အာရှက်ဖ် ဂါနီကတော့ စစ်သွေးကြတွေနဲ့ ပတ်သတ်တဲ့ပြောကြားချက်တစ်ခုကိုပြောကြားခဲ့ပါတယ်။

သူကတော့ စစ်သွေးကြတွေအတွက် ပါကစ္စတန်ဟာ လုံခြုံရာနေရာဖြစ်ကြောင်း ကိုပြောခဲ့တာပဲဖြစ်ပါတယ်။ 

ဒါ့အပြင် သူဟာ ပါကစ္စတန်နိုင်ငံရဲ့မြို့တွေဖြစ်တဲ့ အစ္စလာမ္မာဘတ် ၊ ကေတာနဲ့ ရာဝါပင်ဒီမြို့တွေဟာ စစ်ပွဲဖန်တီးတဲ့ အဓိကနေရာတွေဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။  

ဟိုးအရင်တုန်းကဆိုရင်လည်း အာဖဂန်အစိုးရဟာ ပါကစ္စတန်ဟာ သူတို့မြေပေါ်မှာရှိနေတဲ့ အာဖဂန် တာလီဘန်တပ်မှူးတွေကို မသိကျိုးကျွံပြုနေပြီး စစ်သွေးကြွအဖွဲ့ကိုတောင် ထောက်ပံ့ပေးနေတယ်လို့ စွပ်စွဲခဲ့ဖူးပါသေးတယ်လို့သိရပါတယ်။

SOURCE - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။