မနေ့က ပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ၅နှစ်အရွယ်ကလေးမလေးတစ်ဦးရဲ့ ရက်ရက်စက်စက်သေဆုံးမှုသတင်းကတော့ အားလုံးလည်း ဝမ်းနည်းစွာကြားသိခဲ့ရမယ်ထင်ပါတယ်။ ပျောက်ဆုံးမှုတစ်ရက်ကျော်မှာပဲ အလောင်းကိုသာပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး လူနဲ့မလိုက်အောင် ဆိုးဆိုးရွားရွားခံစားခဲ့ရသူတစ်ယောက်လည်းဖြစ်ပါတယ်။ သမီးလေးရဲ့ နာမည်ကတော့ မဇာခြည်ဖြိုးအမည်ရပြီး မင်္ဂလာဒုံမြို့နယ် သင်္ကန်းကျွန်းကြီးကျေးရွာအုပ်စု မြရတနာရပ်ကွက် အမှတ်၃လမ်းမဘေး၁၂မှတ်တိုင်နှင့်ကျောင်းရှေ့မှတ်တိုင်ကြား အသတ်ခံရတာဖြစ်ကြောင်း သိရပါတယ်။  

သမီးလေးရဲ့ အလောင်းကိုတော့ စစ်ဆေးရန် မနေ့က သယ်ဆောင်သွားခဲ့ကြပြီ ဦးခေါင်းပေါက်ဒဏ်ရာနှင့်အတူ အမျိုးသမီးလိင်အင်္ဂါတွင် ဒဏ်ရာများဖြင့်သေဆုံးခဲ့တာဖြစ်ကြောင်း ကနဦးသတင်းများအရသိရပါတယ်။ ဒီကနေ့ မဇာခြည်ဖြိုးရဲ့ ဈာပနကို ရပ်ဝေးရပ်နီး ပြည်သူများစွာလိုက်ပါပို့ဆောင်ခဲ့ကြပြီး ဝမ်းနည်းမျက်ရည်တွေနဲ့ အတူ သွားရောက်ခဲ့ကြကြောင်း သိရပါတယ်။  

စိတ်မကောင်းစရာသမီးလေးရဲ့ ဖြစ်ရပ်ဆိုးကြီးက ပြည်တွင်း ကလေးငယ်များ အမျိုးသမီးများစွာကို ထိပ်လန့်စေခဲ့ပြီး နောက်ထပ်အလားတူဖြစ်ရပ်မျိုးကို ထပ်မှန်မဖြစ်ပွားရန် လိုအပ်ပါတယ်။ လက်ရှိ အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မင်္ဂလာဒုံမြို့မရဲစခန်းက စစ်ဆေးနေပြီးရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(လူသတ်မှု) ၃၇၆ (မုဒိမ်းမှု) ပုဒ်မများဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။ စိတ်မကောင်းစရာသမီးလေး မဇာခြည်ဖြိုးရဲ့ ဒီကနေ့ ဈာပနပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။

pHOTOS - hTIN lINN AUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။