ယူအေအီးနိုင်ငံမှာကျင်းပနေတဲ့ အာရှဖလားပြိုင်ပွဲကတော့တနေ့ကပြီးဆုံးသွားခဲ့ပါပြီ။အဆိုပါအာရှဖလားပြိုင်ပွဲမှာတော့ကာတာအသင်းကဂျပန်အသင်းကိုဂိုးပြတ်အနိုင်ယူပြီးချန်ပီယံဆုကိုဆွတ်ခူးသွားတာပါ။အဆိုပါအနိုင်ရလဒ်ကြောင့်အာရှဖလားပြိုင်ပွဲမှာချန်ပီယံအသင်းသစ်တစ်သင်းတိုးလာခဲ့တာပါ။

ဒီနှစ်မှာဗိုလ်စွဲဖို့ရေပန်းအစားဆုံးဖြစ်တဲ့ဂျပန်အသင်းကကာတာအသင်းရဲ့အကောင်းဆုံးခြေစွမ်းတွေအောက်မှာအရှုံးပေးခဲ့ရတာပါ။ကာတာအသင်းပွဲစဉ်တောက်လျောက်မှာပေးဂိုးတစ်ဂိုးသာရှိခဲ့တာဖြစ်ပါတယ်။၂၀၂၂ကမ္ဘာဖလားပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့ကာတာအသင်းအတွက်တော့အကြီးမားဆုံးအောင်မြင်မှုနဲ့စတင်လိုက်နိုင်တာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာကာတာအသင်းရဲ့သွင်းဂိုးတွေကို၁၂မိနစ်၂၇မိနစ်တွေမှာဦးဆောင်ဂိုးတွေရခဲ့တာဖြစ်ပါတယ်။ဂျပန်အသင်းကလည်းလျှင်မြန်တဲ့တိုက်စစ်တွေနဲ့ကာတာအသင်းကိုထိုးဖောက်ခဲ့ပြီး၆၉မိနစ်မှာခြေပဂိုးရခဲ့ပါတယ်။ဒါမယ့်ပွဲပီးခါနီး၈၃မိနစ်အရောက်မှာကာတာအသင်းပယ်နတီရခဲ့ပါတယ်။အနိုင်သေချာစေမယ့်အဆိုပါဂိုးကိုတော့အမှားယွင်းမရှိသွင်းယူနိုင်ခဲ့လို့ကာတာအသင်းပွဲအပြီးမှာ(၃-၁)ဆိုတဲ့ရလဒ်နဲ့ချန်ပီယံဖြစ်ခဲ့တာပါ။ကာတာအသင်းကလည်းပွဲစဉ်တောက်လျောက်မှာအကောင်းဆုံးခြေစွမ်းတွေနဲ့အနိုင်ယူပြီးအောင်ပွဲခံခဲ့တဲ့ပုံရိပ်လေးတွေကိုလည်းတင်ဆက်ပေးလိုက်ကပါတယ်။

Source:AFC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။