ရုရှားသမ္မတ ဗာဒီမာပူတင်ကတော့ အမေရိကန်နဲ့ချုပ်ထားတဲ့ စာချုပ်တခုကို ယာယီဆိုင်းငံ့မယ်လို့ပြောကြားခဲ့ပါတယ်။

သူဆိုင်းခဲ့တဲ့ စာချုပ်ကတော့ စစ်အေးခေတ်ကာလက အမေရိကန်အစိုးရနဲ့ ချုပ်ဆိုခဲ့တဲ့ တာလတ်ပစ် နျူကလီယားလက်နက် သဘောတူစာချုပ် (INF) ပဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁ ရက်နေ့မှာဆိုရင်လည်း ရုရှားအနေနဲ့ ၁၉၈၇ ခုနှစ် လက်နက်ထိန်းချုပ်ရေး သဘောတူစာချုပ် ချိုးဖောက်မှုတွေကို အဆုံးမသတ်သရွေ့ အမေရိကန်ဟာ ၆ လအတွင်း ဒီသဘောတူစာချုပ်ကနေ နုတ်ထွက်မှာ ဖြစ်တယ်လို့ပြောကြားထားခဲ့ပါတယ်။ 

ရုရှားကတော့ ၎င်းစာချုပ်ယာယီဆိုင်းငံ့ထားမယ့်အကြောင်းကို အမေရိကန်တွေရဲ့ပြောကြားချက်အပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာပြောကြားခဲ့တာပဲဖြစ်ပါတယ်။

၎င်း INF စာချုပ်ကတော့ ဆိုဖီယက်ယူနီယံခေါင်းဆောင် ဂေါ်ဘာချော့ဖ်နဲ့ အမေရိကန် သမ္မတ ရော်နယ်ရီဂင်တို့အကြား ၁၉၈၇ ခုနှစ်က ချုပ်ဆိုခဲ့တဲ့ စာချုပ်ပဲဖြစ်ပါတယ်။

source - dvb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။