နေ့စဉ်နီးပါးဖြစ်ပွားလျှက်ရှိတဲ့ ပြည်တွင်း ခိုး၊ ဆိုး၊ လု ယက်မှုတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။ အဖွဲ့လိုက်လုယက်မှုတွေအပြင် တစ်ကိုယ်တည်းလုယက်မှုတွေလည်းရှိနေပြီး လမ်းမများနှင့် အများပြည်သူသွားရောက်လေ့ရှိတဲ့ နေရာများမှာ အဖြစ်များလေ့ရှိတာပဲဖြစ်ပါတယ်။ အဆိုပါ လုယက်မှုတွေထဲမှာ ဆိုင်ကယ်လုယက်မှုတွေလည်း များစွာပါဝင်နေပါတယ်။  

ဆိုင်ကယ်လုယက်မှုတွေထဲမှာ သာမာန်လုယက်မှုတွေနဲ့အတူ လုသတ်မှု ရိုက်နှက်မှုတွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာပဲဖြစ်ပါတယ်။ 

ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာလည်း ပဲခူတိုင်းဒေသကြီးတွင် ဆိုင်ကယ်သူခိုးတစ်ဦးအားဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဆိုင်ကယ်သူခိုးကတော့ ပဲခူးတိုင်းဒေသကြီး ပဲခူးဆေးရုံကြီးမှ ဆိုင်ကယ်ကို ခိုးယူခဲ့တာဖြစ်ပြီး အများပြည်သူများရဲ့ ဝိုင်းဝန်းဖမ်းဆီးမှုကြောင့် ကျုံးရိုးထိပ်မှာ ပြန်လည်ဖမ်းမိနိုင်ခဲ့ကြောင်း သိရပါတယ်။ နေ့စဉ်နီးပါးဖြစ်ပွားနေတဲ့ အဆိုပါ ဆိုင်ကယ်လုယက်မှု၊ ခိုးမှုတွေကို ပရိသတ်တွေလည်း သတိပြုရှောင်ကြည်နိုင်ရန်မျှဝေပေးလိုက်ပါတယ်။

Vide0 - မာသုခ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။