ကဲ... ဒီနေ့ကတော့ မယ်မဒီလေးအတွက် စိုပြည့်လှပပြီး ဝင်းလက်တောက်ပနေတဲ့ မျက်နှာလေးကို ပိုင်ဆိုင်နိုင်ဖို့ အတွက် ဘယ်လိုတွေ ထိန်းသိမ်းပြီး ဘာတွေကို ရှောင်ကျဉ်ရမယ်ဆိုတာ ပြောပြပေးသွားမှပါ။ မိန်းကလေးတိုင်းမှာ မွေးဖွားလာကတည်းက ကိုယ်ပိုင်အလှတွေကို ပိုင်ဆိုင်ထားပြီးသားပါ။ ဒါကြောင့် သဘာဝကပေးထားတဲ့ အလှတွေကို မပျက်စီးအောင် ထိန်းသိမ်းနိုင်ဖို့ အတွက် အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေကို ဂရုတစိုက်ဖတ်ကြည့်လိုက်ပါ။

(၁) ယခုနောက်ပိုင်းမှာဆိုရင် မိတ်ကပ်လိမ်းခြယ်မှုက မိန်းကလေးတွေအတွက် အရမ်းကို အရေးပါတဲ့ အလှအပဆိုင်ရာလုပ်ဆောင်မှုတစ်ခုဖြစ်လာပါပြီ။ များစွာသော Cosmetics တွေကို ဝယ်ယူတဲ့အခါ ကိုယ်နဲ့ ဓာတ်တည့်မတည့်ကို လက်ဒါမှမဟုတ် လည်ပင်းမှာ အရင်ဆုံး စမ်းသပ်ပြီးမှဝယ်ယူသင့်ပါတယ်။ ကိုယ့်ရဲ့ မျက်နှာ နုနုလေးမှာ လိမ်းမှာဖြစ်လို့ မတည့်တဲ့ခံစားမှုမျိုး ခံစားနေရပြီဆိုရင် လုံးဝမဝယ်ပါနဲ့။ နောက်ပြီး မျက်နှာပေါ်မှာ ပေါက်နေတဲ့ ဝက်ခြံတွေကို foundation သုံးပြီး ဖုံးတာမျိုးတွေလုံးဝမလုပ်သင့်ပါဘူး။

(၂) နောက်ထပ် ဂရုစိုက်ကမှာကတော့ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကို မဖျက်ပဲ နဲ့ မအိပ်လိုက်နဲ့နော်။ ဒါကြောင့် ညနေပိုင်းဆို မဖြစ်မနေ makeup remover နဲ့ မျက်နှာကို သေချာသန့်စင်ပြီးရင်တော့ အသားအရေစိုပြည်စေဖို့ အတွက် အစိုဓာတ်ကို ဖြည့်တင်းပေးနိုင်တဲ့ ခရင်စ် တစ်မျိုးကို ပုံမှန်လိမ်းပေးသင့်ပါတယ်။

(၃) မိန်းကလေးတစ်ယောက်အတွက် ပန်းရောင်လေး သန်းနေတဲ့ နှုတ်ခမ်းလေးက အရမ်းကို ဆွဲမက်စရာကောင်းပါတယ်။ ဒါကြောင့် နှုတ်ခမ်းလေးတွေ ခြောက်ပြီး ကွဲမနေအောင် နှုတ်ခမ်းနီ အဆီ ဒါမှမဟုတ် နှုတ်ခမ်းသားကို အစိုဓာတ်ပေးနိုင်မယ့် ခရင်စ်ကို လိမ်း အရောင်ပါတဲ့ နှုတ်ခမ်းနီတွေ မဆိုးခင်မှာ ပုံမှန် လိမ်းပေးသင့်ပါတယ်။

(၄) မျက်နှာမှာ အရေးအကြောင်းတွေပေါ်လာခြင်းက အသက်အရွယ်ကြောင့်လည်း ဖြစ်နိုင်သလို စိတ်ဖိစီးမှုတွေများတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် အတတ်နိုင်ဆုံး ကိုယ့်ရဲ့ စိတ်ကို ပျော်အောင်နေပြီး အရေးအကြောင်းတွေကို ပျောက်ကင်းစေတဲ့ ခရင်စ်ကို သေချာဝယ်ယူပြီး ပုံမှန်လေး သုံးပေးသင့်ပါတယ်။

(၅) ကိုယ့်ရဲ့ အလှဆုံးမျက်နှာလေးကို ဘယ်လို chemicalမျိုးကြောင့်နဲ့ မှ အပျက်စီးမခံလိုက်ပါနဲ့။ ဖြစ်နိုင်ရင်တော့ အိမ်မှာ ကိုယ်တိုင် လုပ်တဲ့ မျက်နှာအသားအရေကို အန္တရာယ်မပေးနိုင်တဲ့ Organic mask လေးနဲ့ မျက်နှာကို ပေါင်းတင်သင်ပါတယ်။

(၆) နောက်ဆုံးတစ်ချက်အနေနဲ့ မျက်နှာကို မိတ်ကပ်အထူကြီးတွေမလိမ်းဖို့ပါ။ မိတ်ကပ်အထူကြီးတွေလိမ်းတာက သင့်မျက်နှာ အသားအရေကို ဆိုးရွားစွာ ထိခိုက်စေနိုင်လို့ လုံးဝရှောင်ကျဉ်သင့်ပါတယ်။ သင်က နဂိုကတည်းက လှပြီးသူမို့ မိတ်ကပ်ပါးပါးလေးလိမ်းလိုက်ရုံနဲ့ လုံလောက်ပါတယ်နော်။

ရှောင်ကျဉ်သင့်တာလေးတွေကို သိပြီးပြီဆိုတော့ ဝင်းပစိုပြည့်တဲ့ အသားအရေလေးတွေကို ပိုင်ဆိုင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source:stylesatlife.com

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။